နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူငွေပေးအပ်သူများကို ပြည်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည့်နေ့ တစ်နေ့တည်းတွင် အလှူငွေ ကျပ်သိန်းပေါင်း (၄,၆၀၀)ကျော်ရရှိ၍ စုစုပေါင်း ကျပ်သိန်းပေါင်း (၆,၃၀၀)ကျော် ရရှိထား

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူငွေပေးအပ်သူများကို ပြည်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည့်နေ့ တစ်နေ့တည်းတွင် အလှူငွေ ကျပ်သိန်းပေါင်း (၄,၆၀၀)ကျော်ရရှိ၍ စုစုပေါင်း ကျပ်သိန်းပေါင်း (၆,၃၀၀)ကျော် ရရှိထား
မတ် 10, 2024 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ပျံလွန်တော်မူသွားသည့် နဂါးနှစ်ကောင်ဆရာတော်၏  အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနိုင်ရေးအတွက် ပါဝင်လှူဒါန်းသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ ကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မည့်နေ့တွင် အလှူငွေ ကျပ်သိန်းပေါင်း (၄,၆၀၀)ကျော် ရရှိသည့်အတွက် ရက်ပေါင်း (၃၁)ရက်အတွင်း ကျပ်သိန်းပေါင်း (၆,၃၀၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။



၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့မှ မတ်လ(၉)ရက်နေ့အထိ  ရက်ပေါင်း(၃၀)အတွင်း အလှူငွေ ကျပ်သိန်းပေါင်း (၁,၇၀၀)ကျော် နှင့် ထိုင်းဘတ်ငွေ (၂၇)သိန်းကျော်ရရှိခဲ့ရာမှ   ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၀)ရက်နေ့တွင် စစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်းကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ  အပါအဝင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည့် အခမ်းအနားတွင် မြန်မာကျပ်ငွေ သိန်းပေါင်း (၄,၆၅၃)သိန်း နှင့် ထိုင်းဘတ်ငွေ (၁၁၆.၀၉)သိန်း ရရှိခြင်း ဖြစ်ကြောင်း နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓါနနာယကဆရာတော်၏အန္တိမအဂ္ဂိဈာပနပူဇာ ကျင်းပရေး ကော်မတီထံက သိရသည်။

စုစုပေါင်း ရရှိသည့် အလှူငွေများအနေဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့မှ မတ်လ(၁၀)ရက်နေ့အထိ  ရက်ပေါင်း (၃၁)ရက်အတွင်း အလှူငွေ ကျပ်သိန်းပေါင်း (၆,၃၅၃)သိန်း နှင့် ထိုင်းဘတ်ငွေ သိန်းပေါင်း (၁၄၃.၀၉)သိန်း ရရှိခြင်း ဖြစ်သည်။



 

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ  နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပျံလွန်တော်မူသွားသည့်အတွက် ကျန်ရစ်သည့် ရပ်ကလာဒ်တော်အား ရက်ပေါင်း (၅၉)ရက်အကြာထားရှိပြီးနောက် ဧပြီလ(၆)ရက်နေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စက်မှုဇုန် - မိုင်းဖုန်းသွားလမ်းဘေးတွင် အန္တိမအဂ္ဂိဈာပနပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

Photo: နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓါနနာယကဆရာတော်၏အန္တိမအဂ္ဂိဈာပနပူဇာသဘင်သတင်းနှင့်ပြန်ကြားရေးကော်မတီ