မိုင်းဆတ်ခရိုင်တွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားကို တာချီလိတ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေး

မိုင်းဆတ်ခရိုင်တွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားကို တာချီလိတ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေး
ဒီဇင်ဘာ 25, 2019
By 🌸

မိုင်းဆတ်ခရိုင်တွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားကို တာချီလိတ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ည (၇)နာရီ မိနစ် (၅၀)တွင် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားမှနေ၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။

ထိုင်းနိုင်ငံသား အသက် (၄၆) နှစ်အရွယ် Tavit Jantasila သည် မိုင်းဆတ်ခရိုင်အတွင်းသို့ နယ်စပ်မှနေ၍ လမ်းမှား၍ ဝင်ရောက်လာခြင်းဖြစ်ပြီး အခြားပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရသဖြင့် တရားစွဲဆိုခြင်းမပြုဘဲ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၇(၂) အရ ပြည်နှင်ဒဏ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို  လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူများက လွှဲပြောင်းပေးရာ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လာရောက်လက်ခံခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~