နယ်စပ်ဒေသ တာချီလိတ်တွင် ခရီးသွားလာမှုဖွံ့ဖြိုးရေးနှင့် ရိုးရာထိန်းသိမ်းခြင်းအနဖြေင့် ၂၀၁၉က စတင်ကာ တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ် ကျင်းပပြုလုပ်သွားနိုင်ရန် ဆွေးနွေး

နယ်စပ်ဒေသ တာချီလိတ်တွင် ခရီးသွားလာမှုဖွံ့ဖြိုးရေးနှင့် ရိုးရာထိန်းသိမ်းခြင်းအနဖြေင့် ၂၀၁၉က စတင်ကာ တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ် ကျင်းပပြုလုပ်သွားနိုင်ရန် ဆွေးနွေး
သြဂုတ် 19, 2019
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် ခရီးသွားလာမှုဖွံ့ဖြိုးရေးနှင့် ရိုးရာထိန်းသိမ်းခြင်းအနဖြေင့် ၂၀၁၉က စတင်ကာ တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ် ကျင်းပပြုလုပ်သွားနိုင်ရန် ဆွေးနွေး

နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ခရီးသွားလာမှု ဖွံ့ဖြိုးရေးနှင့် ရိုးရာထိန်းသိမ်းခြင်းအနဖြေင့် အားလုံးပူးပေါင်း ပါဝင်နိုင်သည့် တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် ပထမဆုံးကျင်းပပြုလုပ်မည့် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အတွက် တွေ့ဆုံဆွေးနွေးမှုကို ၂၀၁၉ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒုရဲမှူးစံသိန်းက တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် တန်ဆောင်တိုင်ပွဲတော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အမည်ဖြင့် မဟုတ်ဘဲ မြို့လူထုကိုယ်စားပြုအနဖြေင့် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်အတွက် ဦးအောင်နိုင်( 1G1 Hotel)က ကျပ်သိန်း(၁၀၀)မတည်ပေးထားခြင်းဖြစ်ကြောင်း၊ မီးပုံးပျံလွှတ်တင်ရာမှာလည်း နေ့လွှတ်အရုပ်မီးပုံးပျံ နှင့် ညလွှတ် ညမီးကျည်မီးပုံးပျံအဖြစ် နေရာခွဲ၍ လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း၊ ညမီးကျည်လွှတ်တင်ရာမှာလည်း အန္တရာယ်ကင်းသည့် နေရာကို ဒေသအုပ်ချုပ်ရေးအပါအဝင် အများနှင့်အတူ ရွေးချယ်၍ လွှတ်တင်မည်ဖြစ်ကြောင်း နှင့် ယခုလို စီစဉ်ခြင်းသည် တစ်ဖက်နိုင်ငံမှ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများပြားစေလို၍ ဖြစ်ပြီး နှစ်စဉ် ကျင်းပနိုင်ရန်အတွက်အဖြစ်ကြောင်း ကနဦး ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့မိမြို့ဖများ နှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးကြည်မြင့်၊ ဦးတင်လှိုင်၊ ဦးကျော်လှ၊ ဒုရဲမှူး စံသိန်း ဦးသိန်းဝင်း နှင့် ဦးအောင်နိုင်( 1G1 Hotel )အပါအဝင် မီးပုံးပျံပညာရှင်အဖြစ် ဦးကျော်ဇော်လင်း(ရှယ်ထောမီး)နှင့်အဖွဲ့ဝင်များ အပြင် မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ ဂေါ်ရခါးလူမှုကူညီရေးအသင်းတို့ တက်ရောက်ကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်တွင် ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲအား တစ်ဖက်နိုင်ငံမှ ခရီးသွားဧည့်သည်များအနဖြေင့် စိတ်ဝင်စားမှု ပိုမိုတိုးပွားကာ တာချီလိတ်ဒေသအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ကြောင်း နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ရိုးရာအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်ကာ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန်အတွက်၎င်းအနဖြေင့် မတည်ပေးခြင်းဖြစ်ကြောင်းအပြင် ယခုလို မတည်ပေးခြင်းသည် မိမိကိုယ်ကျိုးအတွက် မဟုတ်ဘဲ အစဉ်အလာဖြစ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျပ်သိန်း(၁၀၀)မတည်ပေးသည့် ဦးအောင်နိုင်(1G1 Hotel)က ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသွားသည်။

ယင်းနောက် တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် လူကြီးလူငယ်မရွေး အန္တရာယ်ကင်းစွာ ကြည့်ရှုနိုင်ပြီး အန္တရာယ်ကင်းသည့် နေ့လွှတ် အရုပ်မီးပုံးပျံများကို ရှမ်းရိုးမကွင်းအတွင်း လွှတ်တင်ရန် ယာယီဆွေးနွေးထားပြီး တာချီလိတ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များအနဖြေင့် နေ့လွှတ်အရုပ်မီးပုံးပျံများကို ကိုယ်စားပြုအနဖြေင့် လွှတ်တင်လိုပါက စာရင်းပေးနိုင်မည်ဖြစ်ကြောင်းအပြင် ညလွှတ် ညမီးကျည်အား ရှမ်းရိုးမကွင်းအတွင်း မဟုတ်ဘဲ အခြားနေရာများတွင် လွှတ်တင်နိုင်ရန်အတွက် ယာယီဆွေးနွေးထားပြီး တတိယအကြိမ်ဆွေးနွေးပွဲအား ဒေသအုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံကာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၏ နေ့ပိုင်းတွင် အရုပ်မီးပုံးပျံလွှတ်တင်ရန် နှင့် ညပိုင်းတွင် ညမီးကျည်မီးပုံးပျံလွှတ်တင်ရန်အတွက် ရှယ်ထောမီးအဖွဲ့က တာဝန်ယူကာ ကူညီပြုလုပ်ပေးမည်ဖြစ်ကြောင်း နှင့် လတ်တလောတွင် နေ့လွှတ်အရုပ်မီးပုံးပျံ(၁၀)လုံးကျော် စာရင်းရရှိထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Unicode Version ~~~~~~~~

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net