မိုင်းဆတ်မြို့တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများအနက် (၄၅)ဦးကို ပထမအသုတ်အဖြစ် စစ်ဆေးရာ Covid-19 ပိုးမတွေ့

မိုင်းဆတ်မြို့တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများအနက် (၄၅)ဦးကို ပထမအသုတ်အဖြစ် စစ်ဆေးရာ Covid-19 ပိုးမတွေ့
အောက်တိုဘာ 11, 2020
By Tachileik News Agency
မိုင်းဆတ်မြို့တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများအနက် (၄၅)ဦးကို ပထမအသုတ်အဖြစ် စစ်ဆေးရာ Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့အတွက် ရွေးကောက်ပွဲမဲရုံများတွင် လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားသည့် အထူးရဲ (၅၈)ဦးအနက် (၄၅)ဦးအား ပထမအသုတ်အဖြစ်  Antigen Rapid Diagnostic Test Kit ဖြင့် အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက Covid-19 စစ်ဆေးရာ ပိုးမတွေ့ရကြောင်း သိရသည်။
 
မိုင်းဆတ်မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၅၈)ဦးအနက် ပထမသုတ်အနေဖြင့် အထူးရဲ (၄၅)ဦးတို့၏ နှာခေါင်းတို့ပတ်နမူနာရယူ၍ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ Covid-19 ပိုး မတွေ့ရကြောင်း နှင့် ကျန်ရှိသည့် အထူးရဲသင်တန်းများကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် ခန့်ထားခြင်းဖြစ်ပြီး အထူးရဲများအားလုံးကို ယခုလို Covid-19 ပိုး ရှိ မရှိ စစ်ဆေးပေးနေခြင်း ဖြစ်သည်။
 Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~