တာချီလိတ်မြို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် မြို့မသုသာန်သစ်(ပုံလို့)တောင်အတက်လမ်းဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပေါ်၍ ပြင်ဆင်မှုများ လုပ်ဆောင်နေရ

တာချီလိတ်မြို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် မြို့မသုသာန်သစ်(ပုံလို့)တောင်အတက်လမ်းဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပေါ်၍ ပြင်ဆင်မှုများ လုပ်ဆောင်နေရ
ဇှနျ 4, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တည်ဆောက်နေသည့် မြို့မသုသာန်သစ်(ပုံလို့)တွင်၂၀၁၉ခုနှစ် မေလ(၃၁) ရက်နေ့က ရွာသွန်းခဲ့သည့်မိုးရေကြောင့် တောင်တက်လမ်းနှင့် အဆောက်အဦးဝန်းကျင်တွင် မြေပြိုကျမှုများဖြစ်ပွားသဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။


မြို့မသုသာန်သစ်(ပုံလို့)ကို   တာချီလိတ်မြို့ လွယ်စတုံသွားရာလမ်းရှိ ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ မှ စွန့်ကြဲလှူဒါန်းပေးသည့် တောင်ပေါ်မြေ (၁၆) ဧကကျော်ကို တောင်ထိပ်အမြင့်(၁၅) ပေခန့်တူးကာမြေညှိဆောင်ရွက်ခဲ့သည့်အတွက် ကုန်းဘေးရှိ မြေများမှာ မိုးရွာသွန်းချိန်တွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တည်ဆောက်နေသည့် မြို့မသုသာန်သစ်(ပုံလို့)တွင်၂၀၁၉ခုနှစ် မေလ(၃၁) ရက်နေ့က ရွာသွန်းခဲ့သည့်မိုးရေကြောင့် တောင်တက်လမ်းနှင့် အဆောက်အဦးဝန်းကျင်တွင် မြပြေိုကျမှုများဖြစ်ပွားသဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။

"ညကြီးရွာလိုက်တော့ ဒီမှာရှိတဲ့ အလုပ်သမားတွေလည်း အချိန်မမီလိုက်ဘူး။ မြေရဲ့သဘောသဘာဝက ရေစီးကြောင်းရှိတဲ့နေရာကို လိုက်ပြီးစီးတဲ့အခါကျတော့ မြေကအသားမသေတော့ အဲဒီမြေတွေက ပါသွားတာပေါ့။ အဲဒီမြေတွေကို ဒီတိုင်းဆက်ထားလို့မရတော့ ကျောက်ရောမြေတွေ အစီး (၁၀၀) ကျော်ပေါ့။ ကျွန်တော်တို့ ပြန်ထည့်နေရတယ်။ ပတ်လည်က မြေတွေကိုတော့ မိုးဦးကျမှာ ကျတဲ့ရေတွေပဲ သူဟာနဲ့သူသွားပြီးတော့ အလုံးလိုက် အခဲလိုက်ကျလာမယ့် ရေတွေကို ရေထွက်ပေါက် (၂) ခုဆောင်ရွက်မှာပေါ့။ အတက်လမ်းနဲ့ အဆင်းလမ်းမှာ ကျောက်ဇလားတွေထည့်မယ်။ လုပ်ထားတဲ့ကွန်ကရစ်လမ်းဘေးကနေမှာ ရေမြောင်းတွေဖောက်ပြီး တောင်အောက်ကို စီးဆင်းစေမှာပေါ့"ဟု မြို့မသုသာန်သစ်(ပုံလို့)တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့မသုသာန်သစ်(ပုံလို့)ကို တာချီလိတ်မြို့ လွယ်စတုံသွားရာလမ်းရှိ ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ မှ စွန့်ကြဲလှူဒါန်းပေးသည့် တောင်ပေါ်မြေ (၁၆) ဧကကျော်ကို တောင်ထိပ်အမြင့်(၁၅) ပေခန့်တူးကာမြေညှိဆောင်ရွက်ခဲ့သည့်အတွက် ကုန်းဘေးရှိ မြေများမှာ မိုးရွာသွန်းချိန်တွင် မြပြေိုမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြို့မသုသာန်သစ်(ပုံလို့) မြေနေရာကို သုသာန်မြေအဖြစ် တရားဝင်သတ်မှတ်နိုင်ရန်အတွက် ပြည်နယ်အစိုးရထံသို့ တင်ပြတောင်းခံထားပြီး၊ အဆောက်အဦးများ တည်ဆောက်ပြီးစီးသွားပါက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး နာရေးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net