တာခ်ီလိတ္တြင္ က်ည္(၅)ေတာင့္ႏွင့္ဖမ္းမိသူ(၄)ဦးအနက္ ထုိင္းႏုိင္ငံသားႏွစ္ဦးကို လဝကဥပေဒျဖင့္ ဆက္လက္စစ္ေဆးေန

တာခ်ီလိတ္တြင္ က်ည္(၅)ေတာင့္ႏွင့္ဖမ္းမိသူ(၄)ဦးအနက္ ထုိင္းႏုိင္ငံသားႏွစ္ဦးကို လဝကဥပေဒျဖင့္ ဆက္လက္စစ္ေဆးေန
သြဂုတ် 18, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းနိုင္ငံသား (၂) ဦးအပါအဝင္ အမ်ိဳးသား (၄)ဦးလုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ေပၚမွ က်ည္ (၅)ေတာင့္ ဖမ္းဆီးရမိသည္။

“ထိုင္းႏိုင္ငံသား (၂)ဦးကို လဝက စစ္ေဆးေနဆဲပါ။ ဒါက ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈလည္း ျဖစ္တာကိုး။ ေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တုိ႔က လက္နက္ခဲယမ္းေတြ႔ရိွမႈနဲ႔ အမႈဖြင့္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပါဆတ္ရပ္ကြက္၊ မုိင္းယြန္းဆီပန္႔အနီး၊ ဗိုလ္ခ်ဳပ္လမ္းမေပၚတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔ နံနက္ (၄)နာရီေက်ာ္က ေဟာင္လိတ္ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ တစ္စီးကို စစ္ေဆးရာ ျမန္မာႏိုင္ငံသား(၂)ဦးအျပင္ ထုိင္းနိုင္ငံသား အိုက္ထုိင္(ခ)ကိတ္ႏွင့္ စိုင္းေနာ္မိုးတုိ႔ကို ေတြ႔ရၿပီး ေမာ္ေတာ္ယာဥ္အတြင္းမွ (.၂၂)က်ည္ (၅)ေတာင့္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္တြင္ လုိက္ပါလာသူမ်ားျဖစ္ၾကသည့္ စိုင္းေနာ္မိုင္း၊ စိုင္းေနာ္မိုး၊ အိုက္ႏြန္(ခ)အုိက္ဆင္း၊ အိုက္ထိုင္(ခ)ကိတ္တို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၇၁/၂၀၁၉၊ ရွမ္းလက္နက္ ၁၂(၈)ျဖင့္ အမႈဖြင့္ထားသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ကျည်(၅)တောင့်နှင့်ဖမ်းမိသူ(၄)ဦးအနက် ထိုင်းနိုင်ငံသားနှစ်ဦးကို လဝကဥပဒေဖြင့် ဆက်လက်စစ်ဆေးနေ
******************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား (၂) ဦးအပါအဝင် အမျိုးသား (၄)ဦးလိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ကျည် (၅)တောင့် ဖမ်းဆီးရမိသည်။

“ထိုင်းနိုင်ငံသား (၂)ဦးကို လဝက စစ်ဆေးနေဆဲပါ။ ဒါက ဗီဇာစည်းကမ်းချိုးဖေါက်မှုလည်း ဖြစ်တာကိုး။ လောလောဆယ်တော့ ကျွန်တော်တို့က လက်နက်ခဲယမ်းတွေ့ရှိမှုနဲ့ အမှုဖွင့်ထားပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပါဆတ်ရပ်ကွက်၊ မိုင်းယွန်းဆီပန့်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့ နံနက် (၄)နာရီကျော်က ဟောင်လိတ်ဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးကို စစ်ဆေးရာ မြန်မာနိုင်ငံသား(၂)ဦးအပြင် ထိုင်းနိုင်ငံသား အိုက်ထိုင်(ခ)ကိတ်နှင့် စိုင်းနော်မိုးတို့ကို တွေ့ရပြီး မော်တော်ယာဉ်အတွင်းမှ (.၂၂)ကျည် (၅)တောင့်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တွင် လိုက်ပါလာသူများဖြစ်ကြသည့် စိုင်းနော်မိုင်း၊ စိုင်းနော်မိုး၊ အိုက်နွန်(ခ)အိုက်ဆင်း၊ အိုက်ထိုင်(ခ)ကိတ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၇၁/၂၀၁၉၊ ရှမ်းလက်နက် ၁၂(၈)ဖြင့် အမှုဖွင့်ထားသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net