ကျိုင်းတုံမြို့ရှိ ဈေးများအားလုံး ဩဂုတ်လ(၂၈)ရက်နေ့အထိ ယာယီပိတ်သိမ်း ထားရမည်ဖြစ်သော်လည်း ဈေးသည်များ မိမိတို့နေအိမ်ရှေ့တွင်  သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်

ကျိုင်းတုံမြို့ရှိ ဈေးများအားလုံး ဩဂုတ်လ(၂၈)ရက်နေ့အထိ ယာယီပိတ်သိမ်း ထားရမည်ဖြစ်သော်လည်း ဈေးသည်များ မိမိတို့နေအိမ်ရှေ့တွင်  သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကူးစက်မှုမြှင့်တက်နေသည့် ကျိုင်းတုံမြို့တွင် မြို့နယ်အတွင်းရှိ ဈေးများ နှင့် ပျံကျဈေးများအားလုံး ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၂၈)ရက်နေ့အထိ ယာယီပိတ်သိမ်းရမည်ဖြစ်ပြီး ဈေးသည်များအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်ရှိ နေအိမ်များတွင် Covid-19 ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက ဩဂုတ်လ(၁၇)ရက်နေ့တွင် ကြိုတင်အသိပေးထားရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံးကိုလည်း ဆိုင်ထိုင်စားစနစ်ဖြင့် မရောင်းချစေဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ ( ၇၁၀)ဦးကျော်အထိရှိနေပြီး သေဆုံးသူမှာလည်း (၇)ဦးအထိ ရှိနေကာ စောင့်ကြည့်ကုသဆောင်ကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၃၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency