တာချီလိတ်မြို့နယ်ရဲစခန်းဧရိယာအတွင်း ဗုံးပေါက်ကွဲ

တာချီလိတ်မြို့နယ်ရဲစခန်းဧရိယာအတွင်း ဗုံးပေါက်ကွဲ
ဇန်နဝါရီ 14, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အပိုင်းရှိ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်တာချီလိတ်မြို့မရဲစခန်းရုံးတည်ရှိရာ ဧရိယာအတွင်း ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ကနဦး သိရသည်။

ရဲစခန်းအနောက်ဖက်မှာ ပေါက်ကွဲသံ အသံအကျယ်ကြီး (၂)ချက် ကြားလိုက်တယ်။ ဘာဖြစ်တာလဲတော့မသိဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မသိရှိရသေးပါ။