တာခ်ီလိတ္မီးလင္းေရးေကာ္မတီ အဖြဲ႕ဝင္မ်ား ေရြးခ်ယ္မႈတြင္ အမ်ားျပည္သူ သေဘာထားပါဝင္သင့္ေၾကာင္း ဒုဥကၠဌေဟာင္း ေထာက္ျပ

တာခ်ီလိတ္မီးလင္းေရးေကာ္မတီ အဖြဲ႕ဝင္မ်ား ေရြးခ်ယ္မႈတြင္ အမ်ားျပည္သူ သေဘာထားပါဝင္သင့္ေၾကာင္း ဒုဥကၠဌေဟာင္း ေထာက္ျပ
သြဂုတ် 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏိုင္ငံမွ လွ်ပ္စစ္မီးကို တစ္ဆင့္ျပန္လည္ေရာင္းခ်ေပးေနသည့္ ၿမိဳ႕မီးလင္းေရးေကာ္မတီအတြက္ ေကာ္မတီဝင္မ်ားေရြးခ်ယ္ရာတြင္ အမ်ားျပည္သူသေဘာထား ပါဝင္သင့္သည္ဟု မီးလင္းေရးေကာ္မတီ ဒုဥကၠဌေဟာင္းက ေထာက္ျပေျပာဆိုလိုက္သည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီအား ႏုိင္ငံ့ဝန္ထမ္းမ်ားမပါေသာ ေဒသခံအရပ္သားအဖြဲ႕အစည္းအျဖစ္ ျပင္ဆင္ဖြဲ႕စည္းရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ညႊန္ၾကားခ်က္ႏွင့္ပတ္သက္ၿပီး မီးလင္းေရးေကာ္မတီက ၿမိဳ႕မိၿမိဳ႕ဖႏွင့္ လုပ္ငန္းရွင္ စုစုေပါင္း (၁၄)ဦးပါဝင္သည့္ ေဆြးေႏြးပြဲတစ္ခုကို ၂၀၁၉ခုႏွစ္ ဇူလုိင္လ (၃၁)ရက္ေန႔က က်င္းပၿပီး သေဘာထားဆႏၵရယူခဲ့ျခင္းျဖစ္သည္။

“အမွန္ကေတာ့ ျဖစ္သင့္တာကေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္သင့္တယ္။ သုိ႔ေသာ္လည္း အခုဟာကေတာ့ ဂုဏ္သေရရိွ ခပ္မ်ားမ်ားေတာ့ပါေတာ့ ပါပါတယ္။ ဒီၿမိဳ႕မွာ ဦးစီးဦးေဆာင္လုပ္ေနတဲ့ ဟိုဌာန၊ ဒီဌာနက ဝန္ထမ္းေတာ့ မပါဘူး။ အရပ္ဖက္က ေတာ္ေတာ္မ်ားမ်ားေတာ့ ပါပါတယ္။ သူတုိ႔ (မီးလင္းေရးေကာ္မတီ)က (၃)ႀကိမ္လုပ္မယ္လို႔ေတာ့ ေျပာပါတယ္။ ဒီေလာက္နဲ႔ လံုေလာက္မလား။ မလံုေလာက္ဘူးဆိုရင္လည္း တျခားနည္းေပါ့။ ဒါကေဆြးေႏြးတဲ့အေပၚ မူတည္ၿပီး ျဖစ္သင့္တာေတြေပါ့”ဟု ယခင္မီးလင္းေရးေကာ္မတီ၏ ဒုဥကၠဌအျဖစ္ တာဝန္ယူခဲ့သည့္ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သည့္ ဦးၾကည္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားကို ထုိင္းကုမၸဏီတစ္ခုျဖစ္သည့္ Allure မွတစ္ဆင့္ဝယ္ယူၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ဓါတ္အားျပန္လည္ေရာင္းခ်ေနသည့္ အဆိုပါေကာ္မတီကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအျဖစ္တာဝန္ယူၿပီး စစ္ဗ်ဴဟာမွဴး၊ ၿမိဳ႕မိၿမိဳ႕ဖတုိ႔ျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ကာ ၿမိဳ႕ကိုယ္စားျပဳေကာ္မတီဝင္မ်ားေရြးခ်ယ္ျခင္းကို ေဒသခံလူထုက ေရြးခ်ယ္ခြင့္မရိွခဲ့ဘဲ ေကာ္မတီအဆက္ဆက္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

မီးလင္းေရးေကာ္မတီက သေဘာထားရယူခဲ့သည့္ အစည္းအေဝးတြင္ တက္ေရာက္လာသူမ်ားက ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ စစ္ဗ်ဴဟာမွဴးတုိ႔အား ေကာ္မတီတြင္ ဆက္လက္ထည့္သြင္းေရးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေကာ္မတီတြင္ ထည့္သြင္းပါက ပါတီႏုိင္ငံေရး မဲဆြယ္မႈျဖစ္လာမည္ကို စိုးရိမ္ေၾကာင္း ေဆြးေႏြးခဲ့ၾကၿပီး ေကာ္မတီတြင္ ပညာရွင္မ်ားထည့္သြင္းေရးကိုလည္း ေဆြးေႏြးခဲ့သည္ကို ေတြ႔ရသည္။

“ကၽြန္ေတာ္တစ္ခု အႀကံျပဳခ်င္တာက လက္ရိွအဖြဲ႕မွာဆိုရင္လည္း လွ်ပ္စစ္ပညာရွင္ လိုအပ္ေနပါတယ္။ ေနာက္ဖြဲ႕မယ့္အဖြဲ႕အစည္းမွာ ထည့္သင့္တယ္လုိ႔ အႀကံျပဳပါတယ္”ဟု လုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ဦးေဇာ္ျမင့္က ေဆြးေႏြးခဲ့သည္။

၂၀၁၈ ခုႏွစ္၊ ဇြန္လက ျပန္လည္ဖြဲ႕စည္းခဲ့သည့္ လက္ရိွမီးလင္းေရးေကာ္မတီကို ျပင္ဆင္ဖြဲ႕စည္းေရးနွင့္ပတ္သက္၍ လူထုဆႏၵသေဘာထား ပါဝင္သင့္ေၾကာင္းကို လက္ရိွေကာ္မတီဝင္တစ္ဦးျဖစ္သည့္ ဦးျမင့္သိန္းက ဆိုသည္။

“ကၽြန္ေတာ္ တစ္ဦးခ်င္းအျမင္ကေတာ့ ဒါကေတာ့ ေကာ္မတီရဲ႕ကိုယ္စားမဟုတ္ဘူး။ လုပ္သင့္တယ္လို႔ ျမင္ပါတယ္”ဟု အဆိုပါအစည္းအေဝး ျဖစ္ေျမာက္ေရး စီစဥ္သူတစ္ဦးျဖစ္သည့္ မီးလင္းေရးေကာ္မတီအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ဒုရဲမွဴး အၿငိမ္းစား ဦးျမင့္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးလင္းေရးေကာ္မတီအေနျဖင့္ ေကာ္မတီျပင္ဆင္ဖြဲ႕စည္းျခင္းအျပင္ လွ်ပ္စစ္မီးကိုလည္း ထုိင္းကုမၸဏီထံမွ တစ္ဆင့္ဝယ္ယူျခင္းထက္ တိုက္ရိုက္ဝယ္ယူႏုိင္ရန္လည္း ႀကိဳးစားသင့္ၿပီျဖစ္ေၾကာင္း ဦးၾကည္ျမင့္က ေျပာသည္။

“ပထမတုန္းက ဒီမီးလင္းေရးက Allure Hotel က ကိုင္တယ္ဆိုတာက Allure သူေဌးက ေပါက္ေရာက္ေတာ့ ထုိင္းလွ်ပ္စစ္ဝန္ႀကီးဌာနကို တုိက္ရိုက္ခ်ိတ္ဆက္ၿပီး စာခ်ဳပ္ခ်ုပ္တယ္။ ခ်ဳပ္ေတာ့ သူ႔နာမည္နဲ႔သူက ေတာင္းလုိက္တာ။ သူကေနၿပီးေတာ့မွ ဒီမီးကိုရေအာင္ယူတယ္။ သူကမွတစ္ဆင့္ မီးလင္းေရးေကာ္မတီကို ျပန္ေရာင္းတယ္။ ထုိင္းအစိုးရဆီကဝယ္ၿပီး အျမတ္နဲ႔ျပန္ေရာင္းေပးတာေပါ့။ Allure ဟိုတယ္ကို ငွားထားတဲ့သူေဌးျဖစ္ေနလို႔ Allure ဆိုၿပီး ေျပာၾကတာေပါ့။ အခုက လာအိုက ယူမယ္ဆုိရင္လည္း ဒီပံုစံအတုိင္းျဖစ္ေနတာ။ အမွန္ေတာ့ ကၽြန္ေတာ္တုိ႔က တုိက္ရိုက္ခ်ိတ္ဆက္ဝယ္ဖို႔ ႀကိဳးစားသင့္တာေပါ့။ ဒီကလည္း ခရိုင္ဥကၠဌက အရင္မီးလင္းေရးေကာ္မတီဥကၠဌက သူ႔လည္း ကၽြန္ေတာ္တုိ႔ တင္ျပဖူးတယ္။ ကၽြန္ေတာ္တုိ႔မွာ ပိုက္ဆံလည္းရိွတယ္။ အဖြဲ႕ကလည္း အင္အားေတာင့္တယ္”ဟု မီးလင္းေရးေကာ္မတီ ဒုဥကၠဌေဟာင္း ၿမိဳ႕မိၿမိဳ႕ဖဦးၾကည္ျမင့္ကေျပာသည္။

လက္ရိွတြင္ ထုိင္း Allure ကုမၸဏီက ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားကို တစ္ယူနစ္လွ်င္ အျမတ္(၁)ဘတ္ႏႈန္းရယူၿပီး တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီသို႔ ေရာင္းခ်ေနျခင္းျဖစ္ၿပီး တာခ်ီလိတ္မီးလင္းေရးေကာ္မတီက ၿမိဳ႕လူထုသို႔ တစ္ဆင့္ျပန္လည္ေရာင္းခ်ၿပီး  ရရိွသည့္အျမတ္ေငြျဖင့္ မီးလင္းေကာ္မတီလုပ္ငန္းလည္ပတ္ျခင္းနွင့္ ေဒသဖြံ႔ၿဖိဳးေရးရန္ပံုေငြသို႔ ထည့္သြင္းရန္ အသံုးျပဳေနျခင္းျဖစ္သည္။

မီးလင္းေရးေကာ္မတီရိွ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြသံုးစြဲရာတြင္ ေကာ္မတီက ၿမိဳ႕အတြက္ လိုအပ္သည္ဟု ယူဆသည့္ေနရာမ်ားသို႔ ေပးလွဴျခင္းျဖစ္ေသာ္လည္း ရံဖန္ရံခါ အဆိုပါရန္ပံုေငြသံုးစြဲျခင္းႏွင့္ပတ္သက္၍ ေကာ္မတီဥကၠဌ တစ္ဦးထဲ ဆံုးျဖတ္ခ်က္ျဖင့္ ေပးလွဴျခင္းမ်ားလည္းရိွသျဖင့္ မီးလင္းေရးေကာ္မတီဝင္မ်ား ေရြးခ်ယ္ျခင္းကို ေဒသခံမ်ားဆႏၵျဖင့္ေရြးခ်ယ္ျခင္းက ပိုမိုပြင့္လင္းျမင္သာလာမည္ဟု မီးလင္းေရးေကာ္မတီဝင္ေဟာင္းတစ္ဦးက ေျပာသည္။

“ဒါကေတာ့ အမ်ားအတြက္ပဲ ကၽြန္ေတာ္တုိ႔က လုပ္တာ။ ရတဲ့ပိုက္ဆံအကုန္လံုးစုၿပီးေတာ့ အမ်ားနဲ႔သက္ဆုိင္တဲ့ပိုက္ဆံျဖစ္လုိ႔ အမ်ားအတြက္ အက်ိဳးရိွေအာင္သံုးဖို႔ပဲ ရည္ရြယ္တာ။ ဒါကလည္း ပံုေသေတာ့မဟုတ္ဘူးေလ။ အမ်ားအတြက္ အက်ိဳးရိွေအာင္ ဘာလုပ္မလဲ ေကာ္မတီက ျပန္ဆံုးျဖတ္ရတယ္။ အရင္တုန္းကေတာ့ တစ္ေယာက္ထဲ ဆံုးျဖတ္တာလည္းရိွတယ္။ ခယကဥကၠဌ(ခရိုင္အုပ္ခ်ဳပ္ေရးမွဴး)က ဒါလုပ္သင့္တယ္ဆိုၿပီး သူ႔ဘာသာဆံုးျဖတ္သြားတာေတြလည္းရိွတယ္။ တစ္ခ်ိဳ႕ဆို ကၽြန္ေတာ္တုိ႔ ေကာ္မတီေတာင္ မသိဘူး။ အဲဒီလိုေတာ့ရိွတယ္”ဟု မီးလင္းေရးေကာ္မတီ ဒုဥကၠဌေဟာင္း ၿမိဳ႕မိိၿမိဳ႕ဖ ဦးၾကည္ျမင့္က ေျပာသည္။

လက္ရိွ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွာ ဖြဲ႕စည္းပံုအရ အင္အားျပည့္ျခင္းလည္းမရိွသျဖင့္ ျပန္လည္ျပင္ဆင္ဖြဲ႕စည္းရန္ လုိအပ္ေနၿပီး ျပည္နယ္အစိုးရကလည္း အရပ္သားေဒသခံမ်ားျဖင့္ ျပန္လည္ဖြဲ႕စည္းရန္ ညႊန္ၾကားထားျခင္းျဖစ္ၿပီး မီးလင္းေရးေကာ္မတီကလည္း ျပင္ဆင္ဖြဲ႕စည္းရန္ စီစဥ္ေနေသာ္လည္း ဖြဲ႕စည္းမည့္အခ်ိန္ကို အတိအက်မေျပာႏုိင္ေသးေၾကာင္း ျပန္လည္ေျဖၾကားထားသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တစ်ဆင့်ပြန်လည်ရောင်းချပေးနေသည့် မြို့မီးလင်းရေးကော်မတီအတွက် ကော်မတီဝင်များရွေးချယ်ရာတွင် အများပြည်သူသဘောထား ပါဝင်သင့်သည်ဟု မီးလင်းရေးကော်မတီ ဒုဥက္ကဌဟောင်းက ထောက်ပြပြောဆိုလိုက်သည်။

မြို့မီးလင်းရေးကော်မတီအား နိုင်ငံ့ဝန်ထမ်းများမပါသော ဒေသခံအရပ်သားအဖွဲ့အစည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်ပတ်သက်ပြီး မီးလင်းရေးကော်မတီက မြို့မိမြို့ဖနှင့် လုပ်ငန်းရှင် စုစုပေါင်း (၁၄)ဦးပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့က ကျင်းပပြီး သဘောထားဆန္ဒရယူခဲ့ခြင်းဖြစ်သည်။

“အမှန်ကတော့ ဖြစ်သင့်တာကတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သင့်တယ်။ သို့သော်လည်း အခုဟာကတော့ ဂုဏ်သရေရှိ ခပ်များများတော့ပါတော့ ပါပါတယ်။ ဒီမြို့မှာ ဦးစီးဦးဆောင်လုပ်နေတဲ့ ဟိုဌာန၊ ဒီဌာနက ဝန်ထမ်းတော့ မပါဘူး။ အရပ်ဖက်က တော်တော်များများတော့ ပါပါတယ်။ သူတို့ (မီးလင်းရေးကော်မတီ)က (၃)ကြိမ်လုပ်မယ်လို့တော့ ပြောပါတယ်။ ဒီလောက်နဲ့ လုံလောက်မလား။ မလုံလောက်ဘူးဆိုရင်လည်း တခြားနည်းပေါ့။ ဒါကဆွေးနွေးတဲ့အပေါ် မူတည်ပြီး ဖြစ်သင့်တာတွေပေါ့”ဟု ယခင်မီးလင်းရေးကော်မတီ၏ ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Allure မှတစ်ဆင့်ဝယ်ယူပြီး တာချီလိတ်မြို့တွင် ဓာတ်အားပြန်လည်ရောင်းချနေသည့် အဆိုပါကော်မတီကို ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ်တာဝန်ယူပြီး စစ်ဗျူဟာမှူး၊ မြို့မိမြို့ဖတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ မြို့ကိုယ်စားပြုကော်မတီဝင်များရွေးချယ်ခြင်းကို ဒေသခံလူထုက ရွေးချယ်ခွင့်မရှိခဲ့ဘဲ ကော်မတီအဆက်ဆက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မီးလင်းရေးကော်မတီက သဘောထားရယူခဲ့သည့် အစည်းအဝေးတွင် တက်ရောက်လာသူများက ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စစ်ဗျူဟာမှူးတို့အား ကော်မတီတွင် ဆက်လက်ထည့်သွင်းရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကော်မတီတွင် ထည့်သွင်းပါက ပါတီနိုင်ငံရေး မဲဆွယ်မှုဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဆွေးနွေးခဲ့ကြပြီး ကော်မတီတွင် ပညာရှင်များထည့်သွင်းရေးကိုလည်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

“ကျွန်တော်တစ်ခု အကြံပြုချင်တာက လက်ရှိအဖွဲ့မှာဆိုရင်လည်း လျှပ်စစ်ပညာရှင် လိုအပ်နေပါတယ်။ နောက်ဖွဲ့မယ့်အဖွဲ့အစည်းမှာ ထည့်သင့်တယ်လို့ အကြံပြုပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဇော်မြင့်က ဆွေးနွေးခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လက ပြန်လည်ဖွဲ့စည်းခဲ့သည့် လက်ရှိမီးလင်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ လူထုဆန္ဒသဘောထား ပါဝင်သင့်ကြောင်းကို လက်ရှိကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးမြင့်သိန်းက ဆိုသည်။

“ကျွန်တော် တစ်ဦးချင်းအမြင်ကတော့ ဒါကတော့ ကော်မတီရဲ့ကိုယ်စားမဟုတ်ဘူး။ လုပ်သင့်တယ်လို့ မြင်ပါတယ်”ဟု အဆိုပါအစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်သည့် မီးလင်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒုရဲမှူး အငြိမ်းစား ဦးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလင်းရေးကော်မတီအနဖြေင့် ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းအပြင် လျှပ်စစ်မီးကိုလည်း ထိုင်းကုမ္ပဏီထံမှ တစ်ဆင့်ဝယ်ယူခြင်းထက် တိုက်ရိုက်ဝယ်ယူနိုင်ရန်လည်း ကြိုးစားသင့်ပြီဖြစ်ကြောင်း ဦးကြည်မြင့်က ပြောသည်။

“ပထမတုန်းက ဒီမီးလင်းရေးက Allure Hotel က ကိုင်တယ်ဆိုတာက Allure သူဌေးက ပေါက်ရောက်တော့ ထိုင်းလျှပ်စစ်ဝန်ကြီးဌာနကို တိုက်ရိုက်ချိတ်ဆက်ပြီး စာချုပ်ချုပ်တယ်။ ချုပ်တော့ သူ့နာမည်နဲ့သူက တောင်းလိုက်တာ။ သူကနပြေီးတော့မှ ဒီမီးကိုရအောင်ယူတယ်။ သူကမှတစ်ဆင့် မီးလင်းရေးကော်မတီကို ပြန်ရောင်းတယ်။ ထိုင်းအစိုးရဆီကဝယ်ပြီး အမြတ်နဲ့ပြန်ရောင်းပေးတာပေါ့။ Allure ဟိုတယ်ကို ငှါးထားတဲ့သူဌေးဖြစ်နေလို့ Allure ဆိုပြီး ပြောကြတာပေါ့။ အခုက လာအိုက ယူမယ်ဆိုရင်လည်း ဒီပုံစံအတိုင်းဖြစ်နေတာ။ အမှန်တော့ ကျွန်တော်တို့က တိုက်ရိုက်ချိတ်ဆက်ဝယ်ဖို့ ကြိုးစားသင့်တာပေါ့။ ဒီကလည်း ခရိုင်ဥက္ကဌက အရင်မီးလင်းရေးကော်မတီဥက္ကဌက သူ့လည်း ကျွန်တော်တို့ တင်ပြဖူးတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံလည်းရှိတယ်။ အဖွဲ့ကလည်း အင်အားတောင့်တယ်”ဟု မီးလင်းရေးကော်မတီ ဒုဥက္ကဌဟောင်း မြို့မိမြို့ဖဦးကြည်မြင့်ကပြောသည်။

လက်ရှိတွင် ထိုင်း Allure ကုမ္ပဏီက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် အမြတ်(၁)ဘတ်နှုန်းရယူပြီး တာချီလိတ်မြို့မီးလင်းရေးကော်မတီသို့ ရောင်းချနခြေင်းဖြစ်ပြီး တာချီလိတ်မီးလင်းရေးကော်မတီက မြို့လူထုသို့ တစ်ဆင့်ပြန်လည်ရောင်းချပြီး ရရှိသည့်အမြတ်ငွဖြေင့် မီးလင်းကော်မတီလုပ်ငန်းလည်ပတ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသို့ ထည့်သွင်းရန် အသုံးပြုနခြေင်းဖြစ်သည်။

မီးလင်းရေးကော်မတီရှိ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရာတွင် ကော်မတီက မြို့အတွက် လိုအပ်သည်ဟု ယူဆသည့်နေရာများသို့ ပေးလှူခြင်းဖြစ်သော်လည်း ရံဖန်ရံခါ အဆိုပါရန်ပုံငွေသုံးစွဲခြင်းနှင့်ပတ်သက်၍ ကော်မတီဥက္ကဌ တစ်ဦးထဲ ဆုံးဖြတ်ချက်ဖြင့် ပေးလှူခြင်းများလည်းရှိသဖြင့် မီးလင်းရေးကော်မတီဝင်များ ရွေးချယ်ခြင်းကို ဒေသခံများဆန္ဒဖြင့်ရွေးချယ်ခြင်းက ပိုမိုပွင့်လင်းမြင်သာလာမည်ဟု မီးလင်းရေးကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။

“ဒါကတော့ အများအတွက်ပဲ ကျွန်တော်တို့က လုပ်တာ။ ရတဲ့ပိုက်ဆံအကုန်လုံးစုပြီးတော့ အများနဲ့သက်ဆိုင်တဲ့ပိုက်ဆံဖြစ်လို့ အများအတွက် အကျိုးရှိအောင်သုံးဖို့ပဲ ရည်ရွယ်တာ။ ဒါကလည်း ပုံသေတော့မဟုတ်ဘူးလေ။ အများအတွက် အကျိုးရှိအောင် ဘာလုပ်မလဲ ကော်မတီက ပြန်ဆုံးဖြတ်ရတယ်။ အရင်တုန်းကတော့ တစ်ယောက်ထဲ ဆုံးဖြတ်တာလည်းရှိတယ်။ ခယကဥက္ကဌ(ခရိုင်အုပ်ချုပ်ရေးမှူး)က ဒါလုပ်သင့်တယ်ဆိုပြီး သူ့ဘာသာဆုံးဖြတ်သွားတာတွေလည်းရှိတယ်။ တစ်ချို့ဆို ကျွန်တော်တို့ ကော်မတီတောင် မသိဘူး။ အဲဒီလိုတော့ရှိတယ်”ဟု မီးလင်းရေးကော်မတီ ဒုဥက္ကဌဟောင်း မြို့မိမြို့ဖ ဦးကြည်မြင့်က ပြောသည်။

လက်ရှိ တာချီလိတ်မြို့မီးလင်းရေးကော်မတီမှာ ဖွဲ့စည်းပုံအရ အင်အားပြည့်ခြင်းလည်းမရှိသဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်နပြေီး ပြည်နယ်အစိုးရကလည်း အရပ်သားဒေသခံများဖြင့် ပြန်လည်ဖွဲ့စည်းရန် ညွှန်ကြားထားခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီကလည်း ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေသော်လည်း ဖွဲ့စည်းမည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း ပြန်လည်ဖြကြေားထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net