တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအတွင်း (၄)ဦး ထပ်တိုး၍ (၉)ရက်အတွင်း Covid-19 ပိုးတွေ့ (၁၅၀)ဦးအထိ ရှိလာ

တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအတွင်း (၄)ဦး ထပ်တိုး၍ (၉)ရက်အတွင်း Covid-19 ပိုးတွေ့ (၁၅၀)ဦးအထိ ရှိလာ
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ ယနေ့ ဇူလိုင်လ(၆)ရက်နေ့ နေ့လည်(၁)နာရီခွဲအထိ စစ်ဆေးချက်အရ (၄)ဦး ထပ်တိုး၍ ယနေ့ နေ့တစ်ပိုင်းတွင် တည်ပြုလူနာ စုစုပေါင်း (၁၂)ဦးအထိ တွေ့ရှိထားရကြောင်း သိရသည်။

ယနေ့ နေ့လည်(၁၂)နာရီအထိ စစ်ဆေးချက်များအရ ( ၈ )ဦးတွင် Covid-19 ပိုးတွေ့ထားရခြင်းဖြစ်ပြီး နေ့လည်(၁)နာရီခွဲအထိ နောက်ထပ် (၄)ဦး ထပ်တိုးသည့်အတွက် စုစုပေါင်း (၁၂)ဦးအထိ တွေ့ရှိထားရခြင်း ဖြစ်သည်။

ပိုးတွေ့ရှိသူများနှင့် ပတ်သက်၍ ထိတွေ့သူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုလူနာများကို မိုးကုတ်ရိပ်သာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၆)ရက်နေ့အထိ တွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၁၃၈)ဦးမှာ အမျိုးသား (၅၈)ဦး နှင့် အမျိုးသမီး (၈၀)ဦးတို့ ပါဝင်ရာ ကူးစက်ခံရသူ အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး KTV, Club နှင့် စားသောက်ဆိုင်များ အပြင် အချို့ ဟိုတယ်များမှ တဆင့် ထိတွေ့ကူးစက်ခံရသူများ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဇူလိုင်လ(၆)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်အထိ တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း စုစုပေါင်း (၁၅၀)ဦးအထိ ရှိနေပြီဖြစ်သည်။