မြန်မာပြည်သူတို့၏ ရည်မှန်းချက်သည် ညီနောင် ၃ ဖွဲ့၏ ရည်မှန်းချက်ဟုဆို၊ စစ်ကောင်စီအား ရရာနည်းလမ်း၊ လက်နက်ဖြင့် တော်လှန်ကြရန်တိုက်တွန်း

မြန်မာပြည်သူတို့၏ ရည်မှန်းချက်သည် ညီနောင် ၃ ဖွဲ့၏ ရည်မှန်းချက်ဟုဆို၊ စစ်ကောင်စီအား ရရာနည်းလမ်း၊ လက်နက်ဖြင့် တော်လှန်ကြရန်တိုက်တွန်း

စစ်ကောင်စီအား ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တိုက်တွန်းလိုက်သည်။ 

ယခုအချိန်ကာလသည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေခြင်းပင်ဖြစ်ပြီး စစ်ဆင်ရေး ဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီအား ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန်မှာ အထူးအရေးကြီးသည်ဟုလည်း တိုက်တွန်းထားသည်။

စစ်ဆင်ရေး၏ ဒုတိယအဆင့်၌ ပြည်သူတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးပြီး ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေး ဒုတိယအဆင့်၏ အဓိကရည်မှန်းချက်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ကိုလည်း တိုက်တွန်းလိုက်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း သတိပေးထားသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို တစ်ရက်ပြီး တစ်ရက် ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်းထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တနေသော ရည်မှန်းချက်သည် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် (၄၄)ရက်မြောက်ရှိပြီဖြစ်သည်။

#TachileikNewsAgency