လားရိႈး - ကြမ္လံု - ခ်င္းေရႊေဟာ္လမ္းပိုင္းမွ ကုန္တင္ယာဥ္မ်ား ကြမ္လံုႀကိဳးတံတားကို ႏွစ္နာရီျခား အလွည့္က်ျဖတ္သန္းရမည္

လားရိႈး - ကြမ္လံု - ခ်င္းေရႊေဟာ္လမ္းပိုင္းမွ ကုန္တင္ယာဥ္မ်ား ကြမ္လံုႀကိဳးတံတားကို ႏွစ္နာရီျခား အလွည့္က်ျဖတ္သန္းရမည္
မတ် 13, 2019
By 🌸
႐ွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈး - ကြမ္လံု - ခ်င္းေရႊေဟာ္လမ္းပိုင္းရိွ ကြမ္လံုတံတားျဖတ္သန္းခ်ိန္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၃)ရက္ေန႔မွစ၍ ကုန္တင္ယာဥ္မ်ားအတြက္ အတက္ကားႏွင့္ အဆင္းကားမ်ားအား (၂)နာရီစီ အလွည့္က်ျဖတ္သန္းခြင့္ေပးမည္ျဖစ္ကာ အေရးႀကီး၊အေရးေပၚကိစၥမ်ားရိွပါက အခ်ိန္ေျပာင္းလဲအသံုးျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

လား႐ိႈးဘက္သို႔ အဆင္းကားမ်ားမွာ နံနက္ (၆) နာရီမွ (၈) နာရီ၊ နံနက္ (၁၀) နာရီမွ ေန႔လယ္ (၁၂) နာရီ၊ ေန႔လယ္ (၂) နာရီမွ ညေန (၄) နာရီ၊ ည (၆) နာရီမွ (၈) နာရီ၊ ည (၁၀) နာရီမွ ည (၁၂) နာရီ ႏွင့္ နံနက္ (၂) နာရီမွ (၄) နာရီအထိ ျဖတ္သန္းရမည့္အခ်ိန္မ်ား သတ္မွတ္ထားၿပီး က်န္အခ်ိန္မ်ားတြင္ ခ်င္းေရႊေဟာ္သို႔ အတက္ကားမ်ား ျဖတ္သန္းခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

လား႐ိႈး-ကြမ္လံု-ခ်င္းေရႊေဟာ္လမ္းပိုင္းတြင္ ယာဥ္ေၾကာၾကပ္တည္းပိတ္ဆို႔မႈ ႐ွင္းလင္းေစရန္ အဆိုပါလမ္းပိုင္းရိွ ကြမ္လံုၿမိဳ႕ရိွ ကြမ္လံုတံတားျဖတ္သန္းေနေစရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္ ယာဥ္/လမ္း အႏၱရာယ္ ကင္း႐ွင္းေရးေကာ္မတီထံမွ သိရသည္။

“လား႐ိႈးဘက္ကို အဆင္းကားေတြနဲ႔ ခ်င္းေရႊေဟာ္ဘက္ကို အတက္ကားေတြကို အခ်ိန္ႏွစ္နာရီစီျခားၿပီး ျဖတ္သန္းေစမွာ ျဖစ္ပါတယ္။ တံတားကေတာ့ (၂၄) နာရီ ဖြင့္ေပးထားမွာပါ” ဟု ၿမိဳ႕နယ္ ယာဥ္အႏၱရာယ္လမ္းအႏၱရာယ္ကင္း႐ွင္းေရးေကာ္မတီတြင္ ပါဝင္သည့္ အမွတ္ ၁၂၁ ယာဥ္ထိန္း တပ္ဖြဲ႔စိတ္ (၃ ) ကြမ္းလံုမွ တပ္ၾကပ္ႀကီး သန္းေအာင္ခ်စ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းသို႔ေျပာင္းလဲသတ္မွတ္ရျခင္းမွာ သံလြင္ျမစ္ကူးတံတားျဖစ္သည့္ ကြမ္းလံုႀကိဳးတံတား၏ ခံႏိုင္ရည္ ေလ်ာ့နည္းလာသည့္အတြက္ ယာဥ္ႏွင့္ကုန္ (၂၅) တန္အထိသာ သတ္မွတ္ခြင့္ျပဳထားေၾကာင္း သိရသည္။
အခ်ိန္ပိုင္း ျဖတ္သန္းေစမည့္အေၾကာင္းကို ကုန္တင္ယာဥ္ႀကီးေမာင္းႏွင္သူမ်ားအား လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝထားၿပီး ခရီးသည္တင္ကားငယ္ႏွင့္ အိမ္စီးကားငယ္မ်ားမွာ ပံုမွန္အတိုင္း ျဖတ္သန္းသြားႏိုင္ေၾကာင္း သိရသည္။

အေရးေပၚယာဥ္တန္းႏွင့္ လူနာတင္ယာဥ္မ်ား ျဖတ္သန္းရန္အတြက္ ၿမိဳ႕နယ္ ယာဥ္/လမ္း အႏၱရာယ္ ကင္း႐ွင္းေရးေကာ္မတီႏွင့္ တံတားလံုျခံဳေရးအဖြဲ႔တို႔က ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး သတ္မွတ္ထားသည့္ အခ်ိန္အတိုင္းမလိုက္နာဘဲ ေက်ာ္တက္သည့္ယာဥ္မ်ားရိွပါက ေဖၚျပပါ ဖုန္းနံပတ္မ်ားသို႔ ဆက္သြယ္ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

စည္းကမ္းမလုိက္နာသည့္ ေမာ္ေတာ္ယာဥ္မ်ားေတြ႔ရိွပါက ဖုန္း ၀၈၂ ၇၀၀၀၂၊ ၀၉ ၂၆၁၆၀၄၂၅၃၊ ၀၉ ၄၅၁၇၈၄၂၉၀၊ ၀၉ ၄၅၆၂၉၅၂၄၁ တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုး - ကွမ်လုံ - ချင်းရွှေဟော်လမ်းပိုင်းမှ ကုန်တင်ယာဉ်များ ကွမ်လုံကြိုးတံတားကို နှစ်နာရီခြား အလှည့်ကျဖြတ်သန်းရမည်
*************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - ကွမ်လုံ - ချင်းရွှေဟော်လမ်းပိုင်းရှိ ကွမ်လုံတံတားဖြတ်သန်းချိန်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့မှစ၍ ကုန်တင်ယာဉ်များအတွက် အတက်ကားနှင့် အဆင်းကားများအား (၂)နာရီစီ အလှည့်ကျဖြတ်သန်းခွင့်ပေးမည်ဖြစ်ကာ အရေးကြီး၊အရေးပေါ်ကိစ္စများရှိပါက အချိန်ပြောင်းလဲအသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

လားရှိုးဘက်သို့ အဆင်းကားများမှာ နံနက် (၆) နာရီမှ (၈) နာရီ၊ နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီ၊ နေ့လယ် (၂) နာရီမှ ညနေ (၄) နာရီ၊ ည (၆) နာရီမှ (၈) နာရီ၊ ည (၁၀) နာရီမှ ည (၁၂) နာရီ နှင့် နံနက် (၂) နာရီမှ (၄) နာရီအထိ ဖြတ်သန်းရမည့်အချိန်များ သတ်မှတ်ထားပြီး ကျန်အချိန်များတွင် ချင်းရွှေဟော်သို့ အတက်ကားများ ဖြတ်သန်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

လားရှိုး-ကွမ်လုံ-ချင်းရွှေဟော်လမ်းပိုင်းတွင် ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှု ရှင်းလင်းစေရန် အဆိုပါလမ်းပိုင်းရှိ ကွမ်လုံမြို့ရှိ ကွမ်လုံတံတားဖြတ်သန်းနေစေရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့နယ် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေးကော်မတီထံမှ သိရသည်။

“လားရှိုးဘက်ကို အဆင်းကားတွေနဲ့ ချင်းရွှေဟော်ဘက်ကို အတက်ကားတွေကို အချိန်နှစ်နာရီစီခြားပြီး ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ တံတားကတော့ (၂၄) နာရီ ဖွင့်ပေးထားမှာပါ” ဟု မြို့နယ် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီတွင် ပါဝင်သည့် အမှတ် ၁၂၁ ယာဉ်ထိန်း တပ်ဖွဲ့စိတ် (၃ ) ကွမ်းလုံမှ တပ်ကြပ်ကြီး သန်းအောင်ချစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းသို့ပြောင်းလဲသတ်မှတ်ရခြင်းမှာ သံလွင်မြစ်ကူးတံတားဖြစ်သည့် ကွမ်းလုံကြိုးတံတား၏ ခံနိုင်ရည် လျော့နည်းလာသည့်အတွက် ယာဉ်နှင့်ကုန် (၂၅) တန်အထိသာ သတ်မှတ်ခွင့်ပြုထားကြောင်း သိရသည်။
အချိန်ပိုင်း ဖြတ်သန်းစေမည့်အကြောင်းကို ကုန်တင်ယာဉ်ကြီးမောင်းနှင်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေထားပြီး ခရီးသည်တင်ကားငယ်နှင့် အိမ်စီးကားငယ်များမှာ ပုံမှန်အတိုင်း ဖြတ်သန်းသွားနိုင်ကြောင်း သိရသည်။

အရေးပေါ်ယာဉ်တန်းနှင့် လူနာတင်ယာဉ်များ ဖြတ်သန်းရန်အတွက် မြို့နယ် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေးကော်မတီနှင့် တံတားလုံခြုံရေးအဖွဲ့တို့က ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်အတိုင်းမလိုက်နာဘဲ ကျော်တက်သည့်ယာဉ်များရှိပါက ဖေါ်ပြပါ ဖုန်းနံပတ်များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်များတွေ့ရှိပါက ဖုန်း ၀၈၂ ၇၀၀၀၂၊ ၀၉ ၂၆၁၆၀၄၂၅၃၊ ၀၉ ၄၅၁၇၈၄၂၉၀၊ ၀၉ ၄၅၆၂၉၅၂၄၁ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net