ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ဆွေးနွေးမှု စတင်

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့ ဆွေးနွေးမှု စတင်
သွဂုတျ 31, 2019
By Tachileik News Agency
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၄)ဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီက စ၍  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်  ဆွေးနွေးနေကြပြီဖြစ်သည်။



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၄)ဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီက စ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဆွေးနွေးနကြပြေီဖြစ်သည်။

ဆွေးနွေးပွဲသို့ အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ ဒုဥက္ကဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ကြသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ MNTJP/ MNDAA ဒု စစ်ဦးစီးချုပ် ဦးရန်ဝင်ကျုံး၊ ဆက်ဆံရေးဌာန ဌာနမှူး ကိုဖုန့်ဝင့်နိုင်၊ ဆက်ဆံရေးဌာနရုံးတာဝန်ခံ ကိုလီကြားခွမ်း၊ ဘာသာပြန် ကိုရန်နိုင်၊ ပြန်ကြားရေးဌာန ကိုကျူးကြားလဲ့၊ လေ့လာသူများအဖြစ် ကိုလီကြားဖေး၊ ကိုရန်ကျင့်ဟုန်၊ ကိုကျော်မြနှင့် ကိုအားမင်း၊ PSLF/TNLA အဖွဲ့မှ ဒုတိယဥက္ကဌ တာခလန်း၊ မဟာမိတ်ဌာနအဖွဲ့ဝင် တာအိုက်ထွန်းနှင့် ရုံးဝန်ထမ်း Mai Sol Myiam၊ ULA/AA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၊ အတွင်းရေးမှူး(ပ) ဦးကျော်ဟန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုန်ဆိုင်း၊ အလုပ်ဝန်ထမ်း ခင်လင်းရွှေနှင့် ဦးဝင်းလိုင်၊ KIO/KIA မှ ဗဟိုအတွင်းရေးမှူး ထင်နန်၊ KIC အတွင်းရေးမှူး ဇော်ဇော့၊ KIA ဒုညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ခွမ်လွန်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်တွန်း တို့ တက်ရောက်ကြသည်။

Tachileik News Agency
ဓါတ်ပုံ #ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net