မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် တပ်မတော်ဆေးကုသရေးအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်

မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် တပ်မတော်ဆေးကုသရေးအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်
မတ် 1, 2020
By Tachileik News Agency
မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် တပ်မတော်ဆေးကုသရေးအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက် 

မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့ ကျခမ်းကျောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တပ်မတော်ဆေးကုသရေးအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းအဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်တွင်းက ကျေးရွာသူ ကျေးရွာသား (၂၇၀)ကျော်ကို စမ်းသပ် ကုသပေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ ကျခမ်းကျောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှာ ဝေးလံခေါင်သီသော ဒေသများဖြစ်သည့်အတွက် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မိုင်းယောင်းအခြေစိုက် ရှေ့တန်းအမှတ်(၃၃၄)ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏ ဦးစီးသည့် ဆေးကုသရေးအဖွဲ့က  နမ့်ဆီး၊ နမ့်ငေါ့၊ ကျခမ်းဆောင်၊ ကျခမ်းတဲကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ ကျေးရွာသား(၂၇၄)ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသို့ အခမဲ့ကျန်းမာရေးစောင့်ရှောက်ရင်း ကျေးရွာများအတွင်းရှိ စာသင်ကျောင်းများတွင် ချုံနွယ်များ ရှင်းလင်းခြင်း၊ သောက်သုံးရေကန်များ တူးဖော်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 
Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~