တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အသက္(၇)ႏွစ္အရြယ္ ကေလးငယ္က တူမီးေသနတ္အား ယူေဆာ့ရာမွ ယမ္းထြက္ကာ အစ္မျဖစ္သူအား ထိမွန္

တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အသက္(၇)ႏွစ္အရြယ္ ကေလးငယ္က တူမီးေသနတ္အား ယူေဆာ့ရာမွ ယမ္းထြက္ကာ အစ္မျဖစ္သူအား ထိမွန္
မေ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ က်ာခမ္းေက်ာက္ေက်းရြာအုပ္စုအတြင္း က်ခမ္းေဆာင္ေက်းရြာရွိ ေနအိမ္၏ အိမ္နံရံတြင္ ခ်ိတ္ဆြဲထားသည့္ တူမီးေသနတ္အား  အသက္(၇)ႏွစ္အရြယ္ ကေလးငယ္က ယူေဆာ့ရာမွ  ယမ္းထြက္ကာ အစ္မျဖစ္သူ ရင္ဘတ္ကိုထိမွန္၍ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕၊ က်ာခမ္းေက်ာက္ေက်းရြာအုပ္စုအတြင္း က်ခမ္းေဆာင္ေက်းရြာရွိ ေနအိမ္တြင္ ၂၀၁၉ခုႏွစ္ ေမလ(၆)အသက္(၇)ႏွစ္ရွိ ေမာင္ေအးလီစက္ ဆိုသည္သူ အျမင့္ (၅)ေပခန္႔ရွိ အိမ္နံရံတြင္ ခ်ိတ္ဆြဲထားသည့္ တူမီးေသနတ္အား ျဖဳတ္ယူကာ ေဆာ့ကစားစဥ္ တူမီးေသနတ္အတြင္း ယမ္းမရွိဟု ထင္မွတ္ကာ ေမာင္းခလုတ္အား ဆြဲလိုက္ရာက အနီးတြင္ ရပ္ေနသည့္ ၎၏ အစ္မျဖစ္သူ အသက္(၉)ႏွစ္ရွိ မခ်ယ္ရီဆိုသူအား ထိမွန္သြားရာ ယာဘက္ရင္အံုတြင္   ေပါက္ၿပဲဒဏ္ရာရရွိသြား၍ က်ဳိင္းလပ္ေဆးရံုမွ တဆင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

လက္ရွိတြင္ ဒဏ္ရာရရွိထားသည့္ ကေလးမေလးအား တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္းႏွင့္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း က်ဳိင္းလပ္နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Tachileik News Agency
ဓါတ္ပံု - က်ဳိင္းလပ္ ေထြ/အုပ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း ကျခမ်းဆောင်ကျေးရွာရှိ နေအိမ်၏ အိမ်နံရံတွင် ချိတ်ဆွဲထားသည့် တူမီးသေနတ်အား အသက်(၇)နှစ်အရွယ် ကလေးငယ်က ယူဆော့ရာမှ ယမ်းထွက်ကာ အစ်မဖြစ်သူ ရင်ဘတ်ကိုထိမှန်၍ တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း ကျခမ်းဆောင်ကျေးရွာရှိ နေအိမ်တွင် ၂၀၁၉ခုနှစ် မေလ(၆)အသက်(၇)နှစ်ရှိ မောင်အေးလီစက် ဆိုသည်သူ အမြင့် (၅)ပေခန့်ရှိ အိမ်နံရံတွင် ချိတ်ဆွဲထားသည့် တူမီးသေနတ်အား ဖြုတ်ယူကာ ဆော့ကစားစဉ် တူမီးသေနတ်အတွင်း ယမ်းမရှိဟု ထင်မှတ်ကာ မောင်းခလုတ်အား ဆွဲလိုက်ရာက အနီးတွင် ရပ်နေသည့်၎င်း၏ အစ်မဖြစ်သူ အသက်(၉)နှစ်ရှိ မချယ်ရီဆိုသူအား ထိမှန်သွားရာ ယာဘက်ရင်အုံတွင် ပေါက်ပြဲဒဏ်ရာရရှိသွား၍ ကျိုင်းလပ်ဆေးရုံမှ တဆင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသည့် ကလေးမလေးအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း ကျိုင်းလပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Tachileik News Agency
ဓာတ်ပုံ - ကျိုင်းလပ် ထွေ/အုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net