ေက်ာက္မဲၿမိဳ႕နယ္ ေကာ္ေပါင္ရြာတြင္ လူငယ္ႏွစ္ဦး မုိင္းနင္းမိၿပီး တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

ေက်ာက္မဲၿမိဳ႕နယ္ ေကာ္ေပါင္ရြာတြင္ လူငယ္ႏွစ္ဦး မုိင္းနင္းမိၿပီး တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
သြဂုတ် 21, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္၊ ေကာ္ေပါင္ေက်းရြာအနီးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀) ရက္ေန႔က စားက်က္လႊတ္ထားေသာ ျမင္းမ်ားအားသြားေရာက္ရွာေဖြသည့္ လူငယ္အမ်ိဳးသား (၂) ဦး မိုင္းနင္းမိေပါက္ကြဲ၍ တစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာရရိွသြားသည္။

"ရြာနီးစပ္ကေတာထဲမွာ သူတို႔လႊတ္ထားတဲ့ျမင္းေတြ ေပ်ာက္ေနလို႔လိုက္ရွာရင္းနဲ႔ ေပါက္ကြဲမႈျဖစ္တာလို႔ သိရတယ္။ တစ္ဦးကေတာ့ ေနရာတင္ ေသဆံုးတယ္။ ရြာဓေလ့အတိုင္း ျပဳလုပ္မယ္ဆိုတာနဲ႔႔ ေဆးရံုကို မသယ္ လာရဘူး။ ဒဏ္ရာရသူတစ္ဦးကိုေတာ့ ေက်ာက္မဲျပည္သူ႔ေဆးရံုကို ဒီမနက္မွာ ပို႔ေပးထားႏိုင္ပါတယ္" ဟု မိုင္းစထိမွန္ဒဏ္ရာရသူအား သြားေရာက္သယ္ေဆာင္ေပးခဲ့သည့္ ဇီဝိတ လူမႈကူညီေရးအသင္း ( ေက်ာက္မဲ ) မွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕၏ ေျမာက္ဘက္ရိွ ေကာ္ေပါင္ေက်းရြာအနီး ေတာစပ္ထဲတြင္ ၾသဂုတ္လ (၂၀) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္က မုိင္းေပါက္ကြဲသြားသျဖင့္ ျမင္းသြားရွာသည့္ ေကာ္ေပါင္ရြာမွ အသက္ (၂၂) ႏွစ္အရြယ္ ဇာလိႏၵသည္ ေနရာတြင္ ေသဆံုးခဲ့ၿပီး အသက္ (၁၆) ႏွစ္အရြယ္ ေမာင္ေအာင္စိုးမွာ ေျခေထာက္ႏွစ္ဖက္လံုး မိုင္းစထိမွန္ဒဏ္ရာရသြားျခင္း ျဖစ္သည္။

ဒဏ္ရာရရွိသူအား ေက်ာက္မဲၿမိဳ႕ရွိ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းအဖြဲ႔သားမ်ားႏွင့္ ဇီဝိတလူမႈကူညီေရး အသင္းတို႔က သြားေရာက္သယ္ေဆာင္ေပးခဲ့ျခင္းျဖစ္ၿပီး ၄င္းမိုင္းေပါက္ကြဲမႈျဖစ္သည့္ေက်းရြာအနီးတြင္ ၾသဂုတ္လ (၂၁)ရက္ေန႔မွ ၾသဂုတ္လ (၂၁)ရက္ေန႔ နံနက္ပိုင္းအထိ ပစ္ခတ္မႈမ်ား ရိွေနဆဲျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - SMK

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့နယ် ကော်ပေါင်ရွာတွင် လူငယ်နှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့က စားကျက်လွှတ်ထားသော မြင်းများအားသွားရောက်ရှာဖွေသည့် လူငယ်အမျိုးသား (၂) ဦး မိုင်းနင်းမိပေါက်ကွဲ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။

"ရွာနီးစပ်ကတောထဲမှာ သူတို့လွှတ်ထားတဲ့မြင်းတွေ ပျောက်နေလို့လိုက်ရှာရင်းနဲ့ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်။ တစ်ဦးကတော့ နေရာတင် သေဆုံးတယ်။ ရွာဓလေ့အတိုင်း ပြုလုပ်မယ်ဆိုတာနဲ့ ဆေးရုံကို မသယ် လာရဘူး။ ဒဏ်ရာရသူတစ်ဦးကိုတော့ ကျောက်မဲပြည်သူ့ဆေးရုံကို ဒီမနက်မှာ ပို့ပေးထားနိုင်ပါတယ်" ဟု မိုင်းစထိမှန်ဒဏ်ရာရသူအား သွားရောက်သယ်ဆောင်ပေးခဲ့သည့် ဇီဝိတ လူမှုကူညီရေးအသင်း ( ကျောက်မဲ ) မှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့၏ မြောက်ဘက်ရှိ ကော်ပေါင်ကျေးရွာအနီး တောစပ်ထဲတွင် သြဂုတ်လ (၂၀) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲသွားသဖြင့် မြင်းသွားရှာသည့် ကော်ပေါင်ရွာမှ အသက် (၂၂) နှစ်အရွယ် ဇာလိန္ဒသည် နေရာတွင် သေဆုံးခဲ့ပြီး အသက် (၁၆) နှစ်အရွယ် မောင်အောင်စိုးမှာ ခြေထောက်နှစ်ဖက်လုံး မိုင်းစထိမှန်ဒဏ်ရာရသွားခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူအား ကျောက်မဲမြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့သားများနှင့် ဇီဝိတလူမှုကူညီရေး အသင်းတို့က သွားရောက်သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းမိုင်းပေါက်ကွဲမှုဖြစ်သည့်ကျေးရွာအနီးတွင် သြဂုတ်လ (၂၁)ရက်နေ့မှ သြဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - SMK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net