ဂုတ္တြင္းလမ္းပိုင္း ေနာင္ခ်ဳိၿမိဳ႕ဘက္အျခမ္း နံပါတ္(၇)အေကြ႕တြင္ ျပင္ဆင္မႈမ်ား ျပဳလုပ္မည္ျဖစ္၍ ေအာက္တိုဘာလ(၂၆)ရက္ေန႔မွ စ၍ အခ်ိန္သတ္မွတ္ကာ လမ္းပိတ္မည္

ဂုတ္တြင္းလမ္းပိုင္း ေနာင္ခ်ဳိၿမိဳ႕ဘက္အျခမ္း နံပါတ္(၇)အေကြ႕တြင္ ျပင္ဆင္မႈမ်ား ျပဳလုပ္မည္ျဖစ္၍ ေအာက္တိုဘာလ(၂၆)ရက္ေန႔မွ စ၍ အခ်ိန္သတ္မွတ္ကာ လမ္းပိတ္မည္
အောက်တိုဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္း ဂုတ္တြင္းလမ္းပိုင္း ေနာင္ခ်ိဳၿမိဳ႕ဘက္အျခမ္းရွိ နံပါတ္(၇)အေကြ႔ ( ကုလားမေကြ႔ )အား အေကြ႔ညႇိျခင္းႏွင့္ အႀကီးစား ျပင္ဆင္မႈမ်ား ျပဳလုပ္မည္ျဖစ္၍ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၂၆)ရက္ေန႔မွ(၃၀) ရက္ေန႔အထိ ေန႔စဥ္ ေန႔လယ္ (၁)နာရီမွ (၃)နာရီၾကား လမ္းပိတ္မည္ ျဖစ္ေၾကာင္း သိရသည္။

"အဓိက ကေတာ့ အဲဒီအေကြ႔မွာ မၾကာခဏ ယာဥ္ႀကီးေတြ တိမ္းေမွာက္တာေတြျဖစ္တဲ့အတြက္ ေကြ႔ရ လြယ္ကူေအာင္ အေကြ႔ကို ညႇိေပးဖို႔လုပ္ေဆာင္မွာ။ အေကြ႔လမ္းပိုင္းကိုလည္း အႀကီးစား ျပင္ဆင္တာမ်ိဳး လုပ္မွာ၊ အခ်ိန္ (၅) ရက္အတြင္း အခ်ိန္ပိုင္း လမ္းျပင္ေနတုန္းမွာ ယာဥ္ငယ္ေတြကို ရသလို လႊတ္ေပး သြားမွာပါ။ ယာဥ္ႀကီးေတြကိုေတာ့ လမ္းျပင္ခ်ိန္အတြင္း ျဖတ္သန္းမႈ ယာယီရပ္နားထားေစမွာ ျဖစ္ပါတယ္” ဟု လမ္းပိုင္းအား တာဝန္ယူ ေဆာင္ရြက္ေနသည့္ Oriental Highway Co.ltd မွ စီမံကိန္း မန္ေနဂ်ာ ဦးသက္ေဆြ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လမ္းပိုင္းအား အခ်ိန္ပိုင္း ျပင္ဆင္ေနစဥ္အတြင္း ေနာင္ခ်ိဳဘက္အျခမ္းရွိ စိမ္းလဲ့ကန္သာ ယာဥ္ရပ္နားရာ ေနရာ ႏွင့္ ေနာင္ခ်ိဳတိုးဂိတ္တို႔တြင္ မႏၱေလးမွ မူဆယ္အတက္ ယာဥ္ႀကီးမ်ားကို ရပ္နားထားေစမည္ျဖစ္ၿပီး ေက်ာက္မဲ ဘက္အျခမ္းတြင္ မိုးျမင့္သာ ႏွင့္ View point တို႔၌ မူဆယ္မွ မႏၱေလး အဆင္း ယာဥ္မ်ားကို ရပ္နားထားေစမည္ ျဖစ္ေၾကာင္း သိရသည္။

ဂုတ္တြင္းလမ္းပိုင္း ေနာင္ခ်ိဳၿမိဳ႕ဘက္အျခမ္းရွိ နံပါတ္(၇) ( ကုလားမေကြ႔) အေကြ႔တြင္ ဆီေဘာက္ဆာ ယာဥ္ မ်ားႏွင့္ ကြန္တိန္နာတင္ (၂၂)ဘီးယာဥ္မ်ား မၾကာခဏ လဲက် တိမ္းေမွာက္ တတ္သည့္ အတြက္ ၎အေကြ႔အား ထပ္ပိုးလႊာ ခင္းျခင္းႏွင့္ အေကြ႔ညွိျခင္းတို႔ကို စက္တင္ဘာလအတြင္းက ျပဳျပင္ခဲ့ ေသာ္လည္း ယာဥ္တိမ္းေမွာက္မႈမ်ား ေလ်ာ့က်ျခင္းမရွိသျဖင့္ လမ္းအေကြ႔အား ညွိျခင္း ႏွင့္ လမ္းပိုင္းကို အႀကီးစားျပင္ဆင္မႈ ထပ္မံလုပ္ေဆာင္ေပးရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်း ဂုတ်တွင်းလမ်းပိုင်း နောင်ချိုမြို့ဘက်အခြမ်းရှိ နံပါတ်(၇)အကွေ့ ( ကုလားမကွေ့ )အား အကွေ့ညှိခြင်းနှင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့မှ(၃၀) ရက်နေ့အထိ နေ့စဉ် နေ့လယ် (၁)နာရီမှ (၃)နာရီကြား လမ်းပိတ်မည် ဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ အဲဒီအကွေ့မှာ မကြာခဏ ယာဉ်ကြီးတွေ တိမ်းမှောက်တာတွဖြေစ်တဲ့အတွက် ကွေ့ရ လွယ်ကူအောင် အကွေ့ကို ညှိပေးဖို့လုပ်ဆောင်မှာ။ အကွေ့လမ်းပိုင်းကိုလည်း အကြီးစား ပြင်ဆင်တာမျိုး လုပ်မှာ၊ အချိန် (၅) ရက်အတွင်း အချိန်ပိုင်း လမ်းပြင်နေတုန်းမှာ ယာဉ်ငယ်တွေကို ရသလို လွှတ်ပေး သွားမှာပါ။ ယာဉ်ကြီးတွေကိုတော့ လမ်းပြင်ချိန်အတွင်း ဖြတ်သန်းမှု ယာယီရပ်နားထားစေမှာ ဖြစ်ပါတယ်” ဟု လမ်းပိုင်းအား တာဝန်ယူ ဆောင်ရွက်နေသည့် Oriental Highway Co.ltd မှ စီမံကိန်း မန်နေဂျာ ဦးသက်ဆွေ က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လမ်းပိုင်းအား အချိန်ပိုင်း ပြင်ဆင်နေစဉ်အတွင်း နောင်ချိုဘက်အခြမ်းရှိ စိမ်းလဲ့ကန်သာ ယာဉ်ရပ်နားရာ နေရာ နှင့် နောင်ချိုတိုးဂိတ်တို့တွင် မန္တလေးမှ မူဆယ်အတက် ယာဉ်ကြီးများကို ရပ်နားထားစေမည်ဖြစ်ပြီး ကျောက်မဲ ဘက်အခြမ်းတွင် မိုးမြင့်သာ နှင့် View point တို့၌ မူဆယ်မှ မန္တလေး အဆင်း ယာဉ်များကို ရပ်နားထားစေမည် ဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်း နောင်ချိုမြို့ဘက်အခြမ်းရှိ နံပါတ်(၇) ( ကုလားမကွေ့) အကွေ့တွင် ဆီဘောက်ဆာ ယာဉ် များနှင့် ကွန်တိန်နာတင် (၂၂)ဘီးယာဉ်များ မကြာခဏ လဲကျ တိမ်းမှောက် တတ်သည့် အတွက်၎င်းအကွေ့အား ထပ်ပိုးလွှာ ခင်းခြင်းနှင့် အကွေ့ညှိခြင်းတို့ကို စက်တင်ဘာလအတွင်းက ပြုပြင်ခဲ့ သော်လည်း ယာဉ်တိမ်းမှောက်မှုများ လျော့ကျခြင်းမရှိသဖြင့် လမ်းအကွေ့အား ညှိခြင်း နှင့် လမ်းပိုင်းကို အကြီးစားပြင်ဆင်မှု ထပ်မံလုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~