ကြတ္ခုိင္ၿမိဳ႕အနီးတြင္ ညပိုင္းအခ်ိန္ထိ ပစ္ခတ္သံအခ်ိဳ႕ ၾကားေနရဆဲ

ကြတ္ခုိင္ၿမိဳ႕အနီးတြင္ ညပိုင္းအခ်ိန္ထိ ပစ္ခတ္သံအခ်ိဳ႕ ၾကားေနရဆဲ
သြဂုတ် 20, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခုိင္ၿမိဳ႕ အဝင္ႏွင့္ အထြက္တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ည (၈)နာရီေက်ာ္အထိ ပစ္ခတ္တုိက္ခုိက္မႈမ်ား ျဖစ္ပြားေနဆဲျဖစ္သည္။

“ဒီေန႔က မနက္ကတည္းက ေတာ္ေတာ္ပစ္ေနၾကတယ္။ လားရိႈးဘက္ကေန တက္လာတဲ့ဘက္မွာ ျဖစ္တယ္။ မူဆယ္ဘက္အထြက္မွာရယ္ ျဖစ္တယ္။ လက္နက္ႀကီးလည္း ေတာ္ေတာ္သံုးတယ္ ဒီေန႔ကေတာ့။ ပစ္သံခတ္သံကေတာ့ အခုထိၾကားေနရတုန္းပဲ။ အိမ္ေတြကေတာ့ အကုန္တံခါးပိတ္ တိတ္ဆိတ္ေနတာ”ဟု ကြတ္ခုိင္ၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ည(၈)နာရီ (၅၅)မိနစ္တြင္ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔ကတည္းက ပစ္ခတ္မႈမ်ားျဖစ္ပြားေနၿပီး တရုတ္ႏုိင္ငံႏွင့္ ကုန္သြယ္ေရးလမ္းမ်ားမွ တံတားမ်ားမွာ မုိင္းခြဲဖ်က္ဆီးခံရၿပီး နယ္စပ္ကုန္သြယ္ေရးလည္း ရပ္ဆုိင္းေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကွတ်ခိုင်မြို့အနီးတွင် ညပိုင်းအချိန်ထိ ပစ်ခတ်သံအချို့ ကြားနေရဆဲ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အဝင်နှင့် အထွက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ ည (၈)နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။

“ဒီနေ့က မနက်ကတည်းက တော်တော်ပစ်နေကြတယ်။ လားရှိုးဘက်ကနေ တက်လာတဲ့ဘက်မှာ ဖြစ်တယ်။ မူဆယ်ဘက်အထွက်မှာရယ် ဖြစ်တယ်။ လက်နက်ကြီးလည်း တော်တော်သုံးတယ် ဒီနေ့ကတော့။ ပစ်သံခတ်သံကတော့ အခုထိကြားနေရတုန်းပဲ။ အိမ်တွေကတော့ အကုန်တံခါးပိတ် တိတ်ဆိတ်နေတာ”ဟု ကွတ်ခိုင်မြို့တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည(၈)နာရီ (၅၅)မိနစ်တွင် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့ကတည်းက ပစ်ခတ်မှုများဖြစ်ပွားနေပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလမ်းများမှ တံတားများမှာ မိုင်းခွဲဖျက်ဆီးခံရပြီး နယ်စပ်ကုန်သွယ်ရေးလည်း ရပ်ဆိုင်းနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net