ကျောက်မဲမြို့ရှိ တိုးဂိတ်အနီးတွင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

ကျောက်မဲမြို့ရှိ တိုးဂိတ်အနီးတွင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
စက်တင်ဘာ 10, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ တိုးဂိတ်အနီးတွင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်အနီးတွင် သီပေါမြို့ဘက်မှ လာသည့် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ စက်တင်ဘာလ(၉)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
 
မူးယစ်တပ်ဖွဲ့စု (၂၄)မှ တပ်ဖွဲ့ဝင်များ နှင့် စရတ(ကျောက်မဲ)မှ အထူးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က စစ်ဆေးမှုများ ပြုလုပ်နေစဉ် သီပေါမြို့ဘက်မှ စိုင်းနေလင်း မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား (၂၄၀၀)ကို ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။
 ယင်းည (၁၀)နာရီခွဲဝန်းကျင်တွင်လည်း သီပေါဘက်မှ လာသည့် အောင်အောင်စိုး နှင့် ဇော်မင်းဦးတို့ နှစ်ဦး စီးနင်းလာသည့်  ဆိုင်ကယ်အား တားမြစ်ရာ ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် နားခေါ်ကျေးရွာအနီးအထိ လိုက်လံ ဖမ်းဆီးခဲ့ရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာက Wy စာတန်းပါ စိတ်ကြွဆေးပြား (၂၀၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းနေလင်းအား မယ(ပ)၄၄/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့်လည်းကောင်း၊ အောင်အောင်စိုးနှင့် ဇော်မင်းဦး တို့ကို မယ(ပ)၄၅/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉(က)/ ၂၁ ဖြင့် ကျောက်မဲမြို့မရဲစခန်း တွင် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
  Tachileik News Agency
သတင်း - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~