တာခ်ီလိတ္၌ ပို႔ခ်ေနသည့္ ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္းသင္တန္းတြင္ သင္တန္းသား (၂၁)ဦး တက္ေရာက္ေန

တာခ်ီလိတ္၌ ပို႔ခ်ေနသည့္ ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္းသင္တန္းတြင္ သင္တန္းသား (၂၁)ဦး တက္ေရာက္ေန
သြဂုတ် 26, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံသစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရးစီမံကိန္းအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနရံုးတြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၆)ရက္ေန႔ကစ၍ ၾသဂုတ္လ(၃၀)ရက္ေန႔အထိ ဖြင့္လွစ္သင္ၾကားေပးသြားမည့္  ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္းသင္တန္း၏ ဖြင့္ပြဲအား ၾသဂုတ္လ(၂၆)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ကာ သင္တန္းစတင္ ပို႔ခ်ေနေၾကာင္း သိသည္။

သင္တန္းဖြင့္ပြဲသို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သစ္ေတာဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးစိုးတင့္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးေအးခ်မ္းေအာင္ႏွင့္ သက္ဆိုင္ရာဌာနမ်ားအပါအ၀င္ သတၱဳလုပ္ငန္းရွင္မ်ား၊ သင္တန္းသားမ်ား တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ သင္တန္းတြင္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအေၾကာင္း သိေကာင္းစရာ အပါအ၀င္ ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္းႏွင့္ ပ်ဳိးဥယ်ာဥ္ေျမေနရာေရြးခ်ယ္ျခင္း၊ ျမန္မာ့သစ္ေတာမူ၀ါဒႏွင့္ သစ္ေတာဥပေဒ ႏွင့္ နည္းဥပေဒ၊ သစ္ေတာစိုက္ခင္းတည္ေထာင္ျခင္း၊ ပ်ဳိးေထာင္ျခင္းလုပ္ငန္းအဆင့္ဆင့္မ်ားကို ပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ေဒသခံျပည္သူအစုအဖြဲ႔ပိုင္ သစ္ေတာတည္ေထာင္ျခင္း ညႊန္ၾကားခ်က္(၂၀၁၉)အားလည္းေကာင္း၊ ဒိုခ်က္ကင္ေျမၾသဇာျပဳလုပ္ျခင္း ႏွင့္ ေျမဆီလႊာခြဲျခားျခင္းကို စာေတြ႔ျဖင့္ လည္းေကာင္း၊ ပုဂၢလိက စိုက္ခင္းတည္ေထာင္ျခင္း ႏွင့္ သစ္ေတာနယ္ေျမျပင္ပအပင္မ်ား မွတ္ပံုတင္ျခင္းအေၾကာင္းအရာမ်ားကို ပို႔ခ်ေပးသြားမည္ျဖစ္ၿပီး ဒိုခ်က္ကင္ေျမၾသဇာျပဳလုပ္ျခင္းႏွင့္ ပ်ဳိးဥယ်ာဥ္ေလ့လာျခင္းကို လက္ေတြ႔ ျပသေပးသြားမည့္ အျပင္ သီးႏွံသစ္ေတာေရာေႏွာစိုက္ပ်ဳိးျခင္း ႏွင့္ သစ္ေစ့စုေဆာင္းျခင္း ၊ သစ္မ်ဳိးသန္႔ျပန္႔ပြားျခင္းမ်ားကို ပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ(၃၀)ရက္ေန႔အထိ ပို႔ခ်မည့္ အဆိုပါ သင္တန္းတြင္  သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားမွ အပါအ၀င္ ေက်းရြာအုပ္စုမ်ားမွ သင္တန္းသား စုစုေပါင္း (၂၁)ဦး တက္ေရာက္သင္ယူေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနရုံးတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့ကစ၍ သြဂုတ်လ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည့် ပျိုးဥယျာဉ်တည်ထောင်ခြင်းသင်တန်း၏ ဖွင့်ပွဲအား သြဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကာ သင်တန်းစတင် ပို့ချနေကြောင်း သိသည်။

သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့် နှင့် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်နှင့် သက်ဆိုင်ရာဌာနများအပါအဝင် သတ္တုလုပ်ငန်းရှင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ အပါအဝင် ပျိုးဥယျာဉ်တည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်မြေနေရာရွေးချယ်ခြင်း၊ မြန်မာ့သစ်တောမူဝါဒနှင့် သစ်တောဥပဒေ နှင့် နည်းဥပဒေ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ပျိုးထောင်ခြင်းလုပ်ငန်းအဆင့်ဆင့်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ညွှန်ကြားချက်(၂၀၁၉)အားလည်းကောင်း၊ ဒိုချက်ကင်မြသြေဇာပြုလုပ်ခြင်း နှင့် မြေဆီလွှာခွဲခြားခြင်းကို စာတွေ့ဖြင့် လည်းကောင်း၊ ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခြင်း နှင့် သစ်တောနယ်မြပြေင်ပအပင်များ မှတ်ပုံတင်ခြင်းအကြောင်းအရာများကို ပို့ချပေးသွားမည်ဖြစ်ပြီး ဒိုချက်ကင်မြသြေဇာပြုလုပ်ခြင်းနှင့် ပျိုးဥယျာဉ်လေ့လာခြင်းကို လက်တွေ့ ပြသပေးသွားမည့် အပြင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နှင့် သစ်စေ့စုဆောင်းခြင်း၊ သစ်မျိုးသန့်ပြန့်ပွားခြင်းများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၃၀)ရက်နေ့အထိ ပို့ချမည့် အဆိုပါ သင်တန်းတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ အပါအဝင် ကျေးရွာအုပ်စုများမှ သင်တန်းသား စုစုပေါင်း (၂၁)ဦး တက်ရောက်သင်ယူနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net