မိုင်းယောင်းမြို့နယ်အတွင်း ဘိန်းစိုက်ခင်းများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရှာဖွေဖျက်ဆီး

မိုင်းယောင်းမြို့နယ်အတွင်း ဘိန်းစိုက်ခင်းများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရှာဖွေဖျက်ဆီး
ဒီဇင်ဘာ 20, 2020
By Tachileik News Agency

မိုင်းယောင်းမြို့နယ်အတွင်း ဘိန်းစိုက်ခင်းများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရှာဖွေဖျက်ဆီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဘိန်းစိုက်ခင်းများကို ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့နှင့်တပ်နယ်တို့မှ သွားရောက် ရှာဖွေဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဖတ္တူကျေးရွာ၏ အနောက်တောင်ဘက် (၃)မိုင်ဝန်းကျင်အကွာတွင် အမြင့် (၁)လက်မဝန်းကျင်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်းများကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင် နှင့် မိုင်းယောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ အပါအဝင် တပ်နယ်တို့မှ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက ရှာဖွေ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ဘာ(၄)ဘာဟု ခေါ်သည့် စက်တင်ဘာလ၊ အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများသည် ဘိန်းစိုက်သည့် ရာသီချိန်များဖြစ်သလို သက်ဆိုင်ရာများမှ ရှာဖွေဖျက်ဆီးသည့် ကာလလည်းဖြစ်သည်။ 

ယခုကာလတွင် သက်ဆိုင်ရာများမှ ပူးပေါင်း၍ ဘိန်းစိုက်သည့် ဒေသများတွင် ရှာဖွေ ဖျက်ဆီးမှုများ ဆောင်ရွက်နေလျက်ရှိသည်။
  Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~