တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၅)ဦး အထိတွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၅)ဦး အထိတွေ့ရှိ
ဇူလိုင် 4, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ Covid-19 ပိုးကူးစက်ခံထားရသူ စုစုပေါင်း (၁၅)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရှိသူများတွင် ရွှေရည်မြင့်မိုရ် မိုတယ် နှင့် လိုမာ ဟိုတယ်တို့မှ အသွားအလာကန့်သတ်ထားပြီး ဒုတိယအကြိမ်ပြန်လည် စစ်ဆေးရာမှ ပိုးတွေ့သည့် (၈)ဦး အပါအဝင် ဆေးရုံဟောင်းအတွင်းသို့ မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးမှုခံရသူများထဲက (၇)ဦး စုစုပေါင်း (၁၅)ဦး ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရွှေရည်မြင့်မိုရ် မိုတယ် မှ (၇)ဦး၊ လိုမာ ဟိုတယ်မှ (၁)ဦး နှင့် ဆေးရုံဟောင်းအတွင်းသို့ မှ (၇)ဦး စုစုပေါင်း (၁၅)ဦးကို နေ့လည် (၁၂)နာရီအချိန်အထိ စစ်ဆေးတွေ့ရခြင်း ဖြစ်သည်။

ဟိုတယ်နှင့်မိုတယ်တို့မှ ထပ်တိုးတွေ့ရသူများမှာ  ဇွန်လ(၂၈)ရက်နေ့က ပိုးတွေ့သူနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်ပြီး ကျန်ရှိသူများကို အသွားအလာ ကန့်သတ်ထားသည့် (၇)ရက်မြောက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

လတ်တလော အသစ်ထပ်တိုးတွေ့ရှိထားသည့် အတည်ပြုလူနာများနှင့် ပတ်သက်၍ ထိတွေမှုများကို ဆက်လက်စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ  နေရာပေါင်း (၃)နေရာ၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦး တွေ့ရှိထားသည့်အတွက် စုစုပေါင်း (၆၀)ဦးအထိ ရှိနေသည်။