တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်း မယ်ခေါင်ရပ်ကွက်တွင် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း နေအိမ်တွင် အသက်(၁၉)နှစ်အရွယ် စိုင်းဆမ်သန်း ဆိုသူသည် နေအိမ်၏ ရေချိုးခန်းအတွင်း ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသည့် နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မည်သည့်အကြောင်းကြောင့် ကြိုးဆွဲချသေဆုံးသွားသည်ကို မသိရသော်လည်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက အလောင်းအား စစ်ဆေးနိုင်ရန် တာချီလိတ်ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ဒေါက်တာ စိုင်းကျော်ခင်က စစ်ဆေးပေးနေသည်ဟု သိရသည်။