တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း ကျပ်(၇၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း ကျပ်(၇၇)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းကွင်း၏ လမ်းထိပ်တွင် လမ်းလျှောက်လာသူ ပါသဲယို ဆိုသူထံက စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀) နှင့် ဘိန်းဖြူအလေးချိန် (၄၀)ဂရမ် အပြင် လက်ကိုင်ဖုန်း (၂)လုံးတို့ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၏ သတ်မှတ်သည့် တန်ကြေးအရ ကျပ်(၇၇.၂)သိန်းကျော်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၈)နှစ်အရွယ် ပါသဲယိုဆိုသူအား  ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။