တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လာရောက်ဆင်နွှဲကြမည့် ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လာရောက်ဆင်နွှဲကြမည့် ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ
ဇှနျ 17, 2019
By Tachileik News Agency




တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်နေခြင်း ဖြစ်ပြီး ကလေးစာပေပွဲတော်အား (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာတွင် တာချီလိတ်မြို့ပေါ်နှင့်ကျေးရွာများမှ ကျောင်းသား ကျောင်းသူ လူဦးရေ တစ်ရက်လျှင် အနည်းဆုံး (၃၀၀၀)ကျော် လာရောက်ကြမည်ခန့်မှန်းထား၍ စေတနာရှင်များအနေဖြင့်လည်း စတုဒိတာများ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် ပတ်သက်​၍ ဆက်သွယ်လိုသူများအနေဖြင့် ဦးမောင်ကြည် - 09440171244 ၊  ဒေါ်နှင်းရည် - 09420708467 ၊ ဒေါ်ခိုင်ခိုင်လင်း - 09428222412 နှင့် ခရိုင် ပြန်/ဆက်ရုံး - 08451028 စသည့် ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လာရောက်ဆင်နွှဲကြမည့် ကလေးစာပေပွဲတော်အား တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်၍ နေရာချထားရေးနှင့် စနစ်တကျ ဖြစ်စေရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များက ဇွန်လ(၁၇)ရက်နေ့ ညနေ(၄)နာရီအချိန်က ပွဲကျင်းပပြုလုပ်မည့် အထက(တာချီလိတ်)ကျောင်းအတွင်းသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။

ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ကော်မတီဝင်တီများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့်ကော်မတီဝင်များ အပါအဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(ကျိုင်းတုံ)ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်ငုချိုချိုကျော် နှင့် ဝန်ထမ်းများ၊ ပညာရေးမှ ဝန်ထမ်းများ အပါအဝင် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာ ပြင်ဆင်ပြုလုပ်ရန် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်စွက်ခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော်သို့ လာရောက်မည့် ကျောင်းသား ကျောင်းသူများအတွက် တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ (၁၈)ခုမှလည်း လာရောက်၍ စတုဒိတာများ ကျွေးမွေးမည်ဖြစ်ပြီး ကလေးများအတွက် ဌာနဆိုင်ရာ ပြခန်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အပျော်တမ်းကစားနည်းများနှင့် ရိုးရာအားကစားပြိုင်ပွဲများလည်းထည့်သွင်းထားကြောင်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်နခြေင်း ဖြစ်ပြီး ကလေးစာပေပွဲတော်အား (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာတွင် တာချီလိတ်မြို့ပေါ်နှင့်ကျေးရွာများမှ ကျောင်းသား ကျောင်းသူ လူဦးရေ တစ်ရက်လျှင် အနည်းဆုံး (၃၀၀၀)ကျော် လာရောက်ကြမည်ခန့်မှန်းထား၍ စေတနာရှင်များအနဖြေင့်လည်း စတုဒိတာများ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် ပတ်သက်​၍ ဆက်သွယ်လိုသူများအနဖြေင့် ဦးမောင်ကြည် - 09440171244၊ ဒေါ်နှင်းရည် - 09420708467၊ ဒေါ်ခိုင်ခိုင်လင်း - 09428222412 နှင့် ခရိုင် ပြန်/ဆက်ရုံး - 08451028 စသည့် ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net