တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ လုံခြုံရေးယူမည့် အထူးရဲနှင့် ရဲတပ်ဖွဲ့ဝင် (၂၀၀)ကျော် ကြိုတင်ဆန္ဒမဲပေး

တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ လုံခြုံရေးယူမည့် အထူးရဲနှင့် ရဲတပ်ဖွဲ့ဝင် (၂၀၀)ကျော် ကြိုတင်ဆန္ဒမဲပေး
နိုဝင်ဘာ 1, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ လုံခြုံရေးယူမည့် အထူးရဲနှင့် ရဲတပ်ဖွဲ့ဝင် (၂၀၀)ကျော် ကြိုတင်ဆန္ဒမဲပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲကာလ လုံခြုံရေးတာဝန်ယူကြမည့် ရွေးကောက်ပွဲ အထူးရဲနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၂၀၀)ကျော် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၌ သက်ဆိုင်ရာ မဲရုံအသီးသီး၌ ကြိုတင်ဆန္ဒမဲ ပေးထားကြပြီဖြစ်သည်။
"မဲရုံလုံခြုံရေးတာဝန်ယူကြမယ့် ရွေးကောက်ပွဲအထူးရဲတွေ၊ နောက်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ အင်အား (၂၀၀)ကျော် ဒီနေ့ ကြိုတင်မဲပေးကြတယ်။ ကြိုတင်မဲ စတင်ပေးနိုင်တဲ့ အောက်တိုဘာလ (၂၉) ရက်နေ့ကစပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မဲရုံတွေမှာ ရွေးကောက်ပွဲနေ့ တာဝန်ကျမယ့်သူတွေ ကြိုတင်ဆန္ဒမဲပေးနေတယ်။ နောက် အသက် (၆၀)နှစ်အထက်တွေပေါ့။ နောက်ဆုံးသတ်မှတ်ရက်က နိုဝင်ဘာလ (၇)ရက်နေ့ သတ်မှတ်ထားပေမဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် သူတို့ကြိုတင်ဆန္ဒမဲပေးရမယ့်ဦးရေ ကုန်တာနဲ့ ရပ်မှာပေါ့နော်"ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းမှ ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများနှင့် အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့အထိကာလအတွင်း ကြိုတင်ဆန္ဒမဲများ ပေးနိုင်ကြမည်ဖြစ်သည်။
 Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~