တာခ်ီလိတ္ၿမို႕ေရွာင္လမ္းေျမယာေလ်ာ္ေၾကး က်ပ္သိန္း (၂၉၈၀) ေက်ာ္ကို ေဒသဖြံ႕ၿဖိဳးေရးႏွင့္ သဘာဝေဘးအႏၱရာယ္မ်ားအတြက္ ျပန္လည္လွဴဒါန္း

တာခ်ီလိတ္ၿမို႕ေရွာင္လမ္းေျမယာေလ်ာ္ေၾကး က်ပ္သိန္း (၂၉၈၀) ေက်ာ္ကို ေဒသဖြံ႕ၿဖိဳးေရးႏွင့္ သဘာဝေဘးအႏၱရာယ္မ်ားအတြက္ ျပန္လည္လွဴဒါန္း
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရာတြင္ ပါဝင္သြားသည့္ ေျမယာအတြက္ ေလ်ာ္ေၾကး က်ပ္သိန္း (၂၉၈၀) ေက်ာ္ရရိွသူက တာခ်ီလိတ္ၿမိဳ႕ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ သဘာဝေဘး အႏၱရာယ္မ်ားျဖစ္ပြားပါက သံုးစြဲႏိုင္ရန္အတြက္ ျပန္လည္လွဴဒါန္းလုိက္သည္။

ၿမိဳ႕ေရွာင္လမ္းတြင္ပါဝင္မည့္ ေျမယာအတြက္ ဒုတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆) ရက္ေန႔က ေလ်ာ္ေၾကးေပးအပ္ရာတြင္ ေျမယာေလ်ာ္ေၾကးရသူ ဦးေလာစံႏွင့္ ေဒၚသီတာေအးမိသားစုက ေလ်ာ္ေၾကးေငြအားလံုးကို ၿမိဳ႕ဖြံ႕ၿဖိဳးေရးအတြက္ လွဴဒါန္းလုိက္ျခင္းျဖစ္သည္။

"ေရႀကီးတာအတြက္ သံုးမလား၊ လမ္းေဖာက္ရာမွာ သံုးမလား။ တာခ်ီလိတ္ၿမိဳ႕ ဘက္စံုဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ေပါ့။ လမ္းေဖာက္တာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ့္လူႀကီးက အၿမဲတမ္းလွဴေပးေနၾက။ ဒီၿမိဳ႕ေရွာင္လမ္းဆိုတာ ၿမိဳ႕အတြက္ေကာင္းမယ္ေပါ့။ အဲဒီအတြက္ ေလ်ာ္ေၾကးမယူခ်င္ဘူး။ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပဲ သံုးခ်င္တယ္ လွဴေပးပါဆိုလို႔ ကၽြန္ေတာ္ျပန္လွဴေပးတာပါ"ဟု ေျမယာေလ်ာ္ေၾကးလက္ခံလွဴဒါန္းသည့္ ဦးေလာစံ၏မန္ေနဂ်ာျဖစ္သူ ကိုေဇာ္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ေရွာင္လမ္းေဖာက္လုပ္ရန္အတြက္ ပါဝင္သြားသည့္ လန (၃၉) က်ထားေသာ (၀.၈၆၅) ဧကအတြက္ေလ်ာ္ေၾကးေငြ က်ပ္(၂၉၈,၂၉၅,၂၅၀)ကို ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီသို႔ လွဴဒါန္းလုိက္ျခင္း ျဖစ္သည္။

"သူတို႔အေနနဲ႔ ေလ်ာ္ေၾကးေငြထုတ္ၿပီးေတာ့ ၿမို႕နယ္စီခန္႔ကို လွဴဒါန္းသြားတယ္။ ၿမို႕နယ္စီခန္႔အေနနဲ႔ ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြစာရင္းဖြင့္လွစ္သြားမွာ ျဖစ္ပါတယ္။ ဒီကိစၥကိုလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကေန တစ္ဆင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုတင္ျပၿပီးေတာ့ အစိုးရအဖြဲ႕ရဲ႕ လမ္းညႊန္မႈအတိုင္း သံုးစြဲသြားမွာ ျဖစ္ပါတယ္။ ရရိွတဲ့ သိန္းေပါင္း (၂၉၀၀) ေက်ာ္ကိုေတာ့ တာခ်ီလိတ္ၿမိဳ႕ ေဒသဖြံ႕ၿဖိဳးေရးနဲ႔ သဘာဝေဘးအႏၱရာယ္အတြက္ လွဴဒါန္းတာျဖစ္တဲ့အတြက္ ဒီလုပ္ငန္းေတြမွာပဲ အစိုးရအဖြဲ႕ခြင့္ျပဳခ်က္နဲ႔ သံုးစြဲသြားမွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရာတြင္သိမ္းယူခံရမည့္ လယ္ယာေျမႏွင့္ အိမ္ၿခံေျမမ်ားအတြက္ ေလ်ာ္ေၾကးအျဖစ္ လန-၃၉ က်ၿပီးသည့္ အိမ္ၿခံေျမ(၄၀x၆၀)တစ္ကြက္လွ်င္ က်ပ္သိန္း(၁၉၀)ႏွင့္ လန-၃၉ က်ၿပီးသည့္ လယ္ယာဥယ်ာဥ္ၿခံေျမႏွင့္ ေျမလြတ္ေျမရိုင္းမ်ားအား တစ္ဧကလွ်င္ က်ပ္သိန္း(၁၉၀)ႏႈန္းျဖင့္ ေလ်ာ္ေၾကးေငြမ်ားေပးအပ္ေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂)အနီးမွေန၍ မယ္ဆုိင္ေခ်ာင္းတေလွ်ာက္ မိုင္းဖုန္းေက်းရြာအုပ္စုရိွ စက္မႈဇုန္ႏွင့္ ဝမ္ပံုျဖတ္လမ္း ဦးထြန္းေအာင္ဂိတ္အထိ ေဖာက္လုပ္မည္ျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှောင်လမ်းမြေယာလျော်ကြေး ကျပ်သိန်း (၂၉၈၀) ကျော်ကို ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ပြန်လည်လှူဒါန်း
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာအတွက် လျော်ကြေး ကျပ်သိန်း (၂၉၈၀) ကျော်ရရှိသူက တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားပါက သုံးစွဲနိုင်ရန်အတွက် ပြန်လည်လှူဒါန်းလိုက်သည်။

မြို့ရှောင်လမ်းတွင်ပါဝင်မည့် မြေယာအတွက် ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့က လျော်ကြေးပေးအပ်ရာတွင် မြေယာလျော်ကြေးရသူ ဦးလောစံနှင့် ဒေါ်သီတာအေးမိသားစုက လျော်ကြေးငွေအားလုံးကို မြို့ဖွံ့ဖြိုးရေးအတွက် လှူဒါန်းလိုက်ခြင်းဖြစ်သည်။

"ရေကြီးတာအတွက် သုံးမလား၊ လမ်းဖောက်ရာမှာ သုံးမလား။ တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပေါ့။ လမ်းဖောက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော့်လူကြီးက အမြဲတမ်းလှူပေးနေကြ။ ဒီမြို့ရှောင်လမ်းဆိုတာ မြို့အတွက်ကောင်းမယ်ပေါ့။ အဲဒီအတွက် လျော်ကြေးမယူချင်ဘူး။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ သုံးချင်တယ် လှူပေးပါဆိုလို့ ကျွန်တော်ပြန်လှူပေးတာပါ"ဟု မြေယာလျော်ကြေးလက်ခံလှူဒါန်းသည့် ဦးလောစံ၏မန်နေဂျာဖြစ်သူ ကိုဇော်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် ပါဝင်သွားသည့် လန (၃၉) ကျထားသော (၀.၈၆၅) ဧကအတွက်လျော်ကြေးငွေ ကျပ်(၂၉၈,၂၉၅,၂၅၀)ကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

"သူတို့အနေနဲ့ လျော်ကြေးငွေထုတ်ပြီးတော့ မြို့နယ်စီခန့်ကို လှူဒါန်းသွားတယ်။ မြို့နယ်စီခန့်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီးတော့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအတိုင်း သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ရရှိတဲ့ သိန်းပေါင်း (၂၉၀၀) ကျော်ကိုတော့ တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝဘေးအန္တရာယ်အတွက် လှူဒါန်းတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေမှာပဲ အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ သုံးစွဲသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင်သိမ်းယူခံရမည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် လျော်ကြေးအဖြစ် လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၁၉၀)နှင့် လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် လျော်ကြေးငွေများပေးအပ်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net