Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား ခိုးဝင်မှုများ မလုပ်ဖို့ အသိပေး

Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား ခိုးဝင်မှုများ မလုပ်ဖို့ အသိပေး
ဇူလိုင် 10, 2020
By Tachileik News Agency
 Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား   ခိုးဝင်မှုများ မလုပ်ဖို့ အသိပေး

COVID-19 ကာအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကူးသန်းသွားလာမှုတွေ ပိတ်ပင်ထားချိန်မှာ တာချီလိတ် နဲ့ မယ်ဆိုင်အကြားမှာရှိတဲ့ မယ်ဆိုင်ချောင်းကနေတဆင့် နှစ်ဖက်ခိုးဝင်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

ရောဂါအခြေအနေကြောင့် တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားချိန်မှာ ခိုးဝင်မှုတွေမလုပ်စေချင်ဘူးလို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောပါတယ်။

မယ်ဆိုင်ချောင်းကနေ ခိုးဝင်မှုတွေတားဆီးဖို့ လုံခြုံရေးတွေတင်းကြပ်ထားသလို ဖမ်းစီးမိရင်တော့ ဥပဒေတွေအရ အရေးယူမှုတွေလုပ်ဆောင်နေတယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

မယ်ဆိုင်ချောင်းကနေ ခိုးဝင်မှုတွေမရှိစေဖို့ နှစ်နိုင်ငံအလွှတ်သဘောဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းမှ ခိုးဝင်သူများကို မယ်ဆိုင်ဘက်က ဧပြီလ (၁၈)ရက်နေ့ကစပြီး ယနေ့အထိ  ဖမ်းဆီးမှု (၂၈)ကြိမ်ရှိတဲ့အထဲမှာ လူဦးရေ (၁၀၀)နီးပါး ဖမ်းမိထားကြောင်း မယ်ဆိုင်ဘက်မှ သတင်းထုတ်ပြန်ထားပါတယ်။

Tachileik News Agency
သတင်း - ကိုဇောင်း
သတင်းရိုက်ကူး -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~