တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွတဆင့္ ေက်ာင္းႀကိဳ/ပို႔ ယာဥ္ႏွင့္ လူနာတင္ယာဥ္မ်ား စတင္ျဖတ္သန္းခြင့္ျပဳ

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွတဆင့္ ေက်ာင္းႀကိဳ/ပို႔ ယာဥ္ႏွင့္ လူနာတင္ယာဥ္မ်ား စတင္ျဖတ္သန္းခြင့္ျပဳ
သြဂုတ် 19, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကား ကုန္စည္စီးဆင္းမႈအတြက္သာ အသံုးျပဳသည့္ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)ေပၚတြင္ ေက်ာင္းႀကိဳ/ပို႔ ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို စတင္ျဖတ္သန္းမႈအျဖစ္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၉)ရက္ေန႔ နံနက္(၅)နာရီခြဲက စ၍ ျဖတ္သန္းခြင့္ျပဳလိုက္သည္။

“ခ်စ္ၾကည္ေရးတံတား (၁) မွာ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းႏိုင္ရန္အတြက္ ယခု ခ်စ္ၾကည္ေရးတံတား (၂)မွာ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားနဲ႔ လူနာတင္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳႏိုင္ျခင္းဟာ ႏွစ္ႏုိင္ငံ TBC ေဆြးေႏြးပြဲမ်ားက ေဆြးေႏြးမႈရလဒ္မ်ားျဖစ္ပါတယ္။ ဒီအတြက္လည္း တာဝန္ရိွသူမ်ားကို ေက်းဇူးတင္ပါတယ္”ဟု ဖြင့္ပြဲအခမ္းအနား တက္ေရာက္သည့္ ခ်င္းရိုင္းခရိုင္ ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏိုင္ဖာ့စေကာ္(န္) ဘြန္ယလတ္က ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားသည္။

ဖြင့္ပြဲအခမ္းအနားကို ျမန္မာစံေတာ္ခ်ိန္ နံနက္(၅)နာရီခြဲက ခ်စ္ၾကည္ေရးတံတားအမွတ္(၂)တြင္ က်င္းပရာ ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ခရိုင္ ဒုအုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္သည့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ အဖြဲ႕ႏွင့္ ထုိင္းႏိုင္ငံဘက္မွ ခ်င္းရိုင္းခရိုင္ ဒုအုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္သည့္ တာဝန္ရိွသူမ်ားအဖြဲ႕တို႔ တက္ေရာက္ၾကျခင္းျဖစ္သည္။

“ခ်စ္ၾကည္ေရးတံတား(၁)မွာ ယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ ႏွစ္ႏုိင္ငံေက်ာင္းႀကိဳပို႔ယာဥ္နဲ႔ လူနာတင္ယာဥ္ေတြဟာ အခ်ိန္မီေရာက္ဖို႔ အခက္အခဲျဖစ္ခဲ့တာ ၾကာပါၿပီ။ ဒီအတြက္ ႏွစ္ႏုိင္ငံ ျပည္သူလူထု ဆႏၵေၾကာင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ား ေဆြးေႏြးမႈအဆင့္ဆင့္ လုပ္ခဲ့ၿပီးတဲ့ေနာက္ ဒီေန႔ရလဒ္ ရလာတာျဖစ္ပါတယ္။ ဒီေန႔ဖြင့္လွစ္ထားတဲ့ ရလဒ္ကိုၾကည့္ၿပီး မွတ္တမ္းတင္ထားရမွာလည္း ျဖစ္ပါတယ္။ ႏွစ္နုိင္ငံ ကုန္တင္ပို႔ယာဥ္မ်ားလည္းရိွတဲ့အတြက္ လူနာတင္ယာဥ္၊ ေက်ာင္းႀကိဳပို႔ယာဥ္မ်ား မလိုလားအပ္တဲ့ ျပႆနာမ်ားမျဖစ္ေအာင္ ႏွစ္ႏိုင္ငံတာဝန္ရိွသူမ်ားက ၾကပ္မတ္ဖို႔လိုပါတယ္”ဟု တာခ်ီလိတ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္းေဌးက ဖြင့္ပြဲတြင္ ေျပာၾကားသည္။

အဆိုပါ ဖြင့္ပြဲ အခမ္းအနားစတင္ခ်ိန္တြင္ ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားႏွင့္ ယဥ္ေက်းမႈအကအဖြဲ႕မ်ားက ခ်စ္ၾကည္ေရးတံတား (၂) ျမန္မာဘက္ျခမ္းမွ ေစာင့္ဆုိင္းေနရာသို႔ ထုိင္းႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားႏွင့္ ထုိင္းေက်ာင္းသားမ်ား ဘင္ခရာအဖြဲ႕က လာေရာက္ၾကၿပီး ႏွစ္ႏုိင္ငံနယ္စပ္တြင္ တာဝန္ရိွသူမ်ားက ဖြင့္လွစ္ေၾကာင္းေၾကညာျခင္း၊ ႏွစ္ႏိုင္ငံမွ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ား စတင္ျဖတ္သန္းျခင္း၊ ထုိင္းႏိုင္ငံဘက္ျခမ္းသို႔ ျမန္မာအဖြဲ႕အား ဖိတ္ေခၚ၍ နံနက္စာျဖင့္ ေကၽြးေမြးဧည့္ခံျခင္း၊ ႏွစ္ႏုိင္ငံ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္လဲလွယ္ျခင္း၊ ထုိင္းနို္င္ငံမွဘင္ခရာအဖြဲ႕ႏွင့္ ျမန္မာဘက္မွ ရွမ္းရိုးရာယဥ္ေက်းမႈအကမ်ား တင္ဆက္ျခင္းႏွင့္ တာခ်ီလိတ္ခရိုင္ ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္းေဌးက မယ္ဆုိင္ၿမိဳ႕မွ ဆန္ဆို္င္းေက်ာင္းသို႔ အလွဴေငြေပးအပ္ျခင္းတို႔ ေဆာင္ရြက္ၾကသည္။

ယခုလို ခြင့္ျပဳလုိက္ျခင္းသည္ ပထမအဆင့္ျဖစ္ေၾကာင္းႏွင့္ ပထမအဆင့္ အဆင္ေျပေခ်ာေမြ႕သြားပါက ဒုတိယအဆင့္အေနျဖင့္ အျခားယာဥ္မ်ားကိုလည္း စိစစ္ခြင့္ျပဳသြားရန္ အစီအစဥ္ရွိေၾကာင္း သိရသည္။

"ဒုတိယအဆင့္ မွာေတာ့ ဒီတံတား(၁)ေပၚမွာ တကယ္ ယာဥ္ေၾကာၾကပ္တည္းမႈမွာ အခက္အခဲျဖစ္ေနတဲ့ ယာဥ္ေတြကို ကြြ်န္ေတာ္တို႔က စိစစ္ေရြးထုတ္ၿပီးေတာ့ ဘယ္လို ယာဥ္အမ်ဳိးအစားကို တံတား(၂)ကေန ေပးသင့္သလဲဆိုတာကို ဒုတိယအဆင့္မွာေတာ့ ဆက္လက္ၿပီး ေဆာင္ရြက္ဖို႔ ႏိုင္ငံေတာ္က လူႀကီးေတြကို တင္ျပထားၿပီး ျဖစ္ပါတယ္၊ ပထမအဆင့္ ေအာင္ျမင္သြားတယ္၊ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ျဖစ္တယ္ဆိုရင္ ဒုတိယအဆင့္ကို ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္မွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၈)ရက္ေန႔က ေျပာသည္။

ျမန္မာ - ထိုင္းႏွစ္ႏိုင္ငံၾကား ျဖတ္သန္းသြားလာျခင္းအတြက္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ကိုသာ အသံုးျပဳေနရာမွ ယာဥ္ေၾကာပိတ္ဆို႔မႈ အခ်ိန္ၾကာျမင့္စြာျဖစ္ပြားေနသည့္အတြက္ ကုန္သြယ္ေရးအတြက္သာ သီးသန္႔ အသံုးျပဳေနသည့္ ခ်စ္ၾကည္ေရးတံတား အမွတ္ (၂)မွ  ႏွစ္ႏိုင္ငံေက်ာင္းႀကိဳပို႔ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို ပထမဆင့္အေနျဖင့္ ျဖတ္သန္းခြင့္ျပဳရန္ ႏွစ္ႏုိင္ငံ သေဘာတူထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထုိက္၊ ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်စည်စီးဆင်းမှုအတွက်သာ အသုံးပြုသည့် ချစ်ကြည်ရေးတံတားအမှတ်(၂)ပေါ်တွင် ကျောင်းကြို/ပို့ ယာဉ်များနှင့် လူနာတင်ယာဉ်များကို စတင်ဖြတ်သန်းမှုအဖြစ် ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့ နံနက်(၅)နာရီခွဲက စ၍ ဖြတ်သန်းခွင့်ပြုလိုက်သည်။

“ချစ်ကြည်ရေးတံတား (၁) မှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ယခု ချစ်ကြည်ရေးတံတား (၂)မှာ ကျောင်းကြိုပို့ယာဉ်များနဲ့ လူနာတင်ယာဉ်များ ဖြတ်သန်းခွင့်ပြုနိုင်ခြင်းဟာ နှစ်နိုင်ငံ TBC ဆွေးနွေးပွဲများက ဆွေးနွေးမှုရလဒ်များဖြစ်ပါတယ်။ ဒီအတွက်လည်း တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်”ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သည့် ချင်းရိုင်းခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး နိုင်ဖာ့စကော်(န်) ဘွန်ယလတ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားကို မြန်မာစံတော်ချိန် နံနက်(၅)နာရီခွဲက ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ကျင်းပရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် အဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ ချင်းရိုင်းခရိုင် ဒုအုပ်ချုပ်ရေးမှူးဦးဆောင်သည့် တာဝန်ရှိသူများအဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်သည်။

“ချစ်ကြည်ရေးတံတား(၁)မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် နှစ်နိုင်ငံကျောင်းကြိုပို့ယာဉ်နဲ့ လူနာတင်ယာဉ်တွေဟာ အချိန်မီရောက်ဖို့ အခက်အခဲဖြစ်ခဲ့တာ ကြာပါပြီ။ ဒီအတွက် နှစ်နိုင်ငံ ပြည်သူလူထု ဆန္ဒကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးမှုအဆင့်ဆင့် လုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့ရလဒ် ရလာတာဖြစ်ပါတယ်။ ဒီနေ့ဖွင့်လှစ်ထားတဲ့ ရလဒ်ကိုကြည့်ပြီး မှတ်တမ်းတင်ထားရမှာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ ကုန်တင်ပို့ယာဉ်များလည်းရှိတဲ့အတွက် လူနာတင်ယာဉ်၊ ကျောင်းကြိုပို့ယာဉ်များ မလိုလားအပ်တဲ့ ပြဿနာများမဖြစ်အောင် နှစ်နိုင်ငံတာဝန်ရှိသူများက ကြပ်မတ်ဖို့လိုပါတယ်”ဟု တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက ဖွင့်ပွဲတွင် ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအကအဖွဲ့များက ချစ်ကြည်ရေးတံတား (၂) မြန်မာဘက်ခြမ်းမှ စောင့်ဆိုင်းနေရာသို့ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ထိုင်းကျောင်းသားများ ဘင်ခရာအဖွဲ့က လာရောက်ကြပြီး နှစ်နိုင်ငံနယ်စပ်တွင် တာဝန်ရှိသူများက ဖွင့်လှစ်ကြောင်းကြေညာခြင်း၊ နှစ်နိုင်ငံမှ ကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ စတင်ဖြတ်သန်းခြင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာအဖွဲ့အား ဖိတ်ခေါ်၍ နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ နှစ်နိုင်ငံ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်း၊ ထိုင်းနို်င်ငံမှဘင်ခရာအဖွဲ့နှင့် မြန်မာဘက်မှ ရှမ်းရိုးရာယဉ်ကျေးမှုအကများ တင်ဆက်ခြင်းနှင့် တာချီလိတ်ခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက မယ်ဆိုင်မြို့မှ ဆန်ဆို်င်းကျောင်းသို့ အလှူငွေပေးအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။

ယခုလို ခွင့်ပြုလိုက်ခြင်းသည် ပထမအဆင့်ဖြစ်ကြောင်းနှင့် ပထမအဆင့် အဆင်ပြေချောမွေ့သွားပါက ဒုတိယအဆင့်အနဖြေင့် အခြားယာဉ်များကိုလည်း စိစစ်ခွင့်ပြုသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

"ဒုတိယအဆင့် မှာတော့ ဒီတံတား(၁)ပေါ်မှာ တကယ် ယာဉ်ကြောကြပ်တည်းမှုမှာ အခက်အခဲဖြစ်နေတဲ့ ယာဉ်တွေကို ကျွန်တော်တို့က စိစစ်ရွေးထုတ်ပြီးတော့ ဘယ်လို ယာဉ်အမျိုးအစားကို တံတား(၂)ကနေ ပေးသင့်သလဲဆိုတာကို ဒုတိယအဆင့်မှာတော့ ဆက်လက်ပြီး ဆောင်ရွက်ဖို့ နိုင်ငံတော်က လူကြီးတွေကို တင်ပြထားပြီး ဖြစ်ပါတယ်၊ ပထမအဆင့် အောင်မြင်သွားတယ်၊ ချောချောမွေ့မွေ့နဲ့ဖြစ်တယ်ဆိုရင် ဒုတိယအဆင့်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၈)ရက်နေ့က ပြောသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံကြား ဖြတ်သန်းသွားလာခြင်းအတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)ကိုသာ အသုံးပြုနေရာမှ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာဖြစ်ပွားနေသည့်အတွက် ကုန်သွယ်ရေးအတွက်သာ သီးသန့် အသုံးပြုနေသည့် ချစ်ကြည်ရေးတံတား အမှတ် (၂)မှ နှစ်နိုင်ငံကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကို ပထမဆင့်အနဖြေင့် ဖြတ်သန်းခွင့်ပြုရန် နှစ်နိုင်ငံ သဘောတူထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net