တာချီလိတ်မြို့ရှိ အထက်တန်းကျောင်းများတွင် အထက်တန်းအဆင့်အတွက် ကျောင်းအပ်လက်ခံနေ

တာချီလိတ်မြို့ရှိ အထက်တန်းကျောင်းများတွင် အထက်တန်းအဆင့်အတွက် ကျောင်းအပ်လက်ခံနေ
ဇူလိုင် 13, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ အထက်တန်းကျောင်းများတွင်  အထက်တန်းအဆင့်အတွက် ကျောင်းအပ်လက်ခံနေ

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် Covid-19 ကာလအတွင်း ဇူလိုင်လ(၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် အထက်တန်းအဆင့်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ သတ်မှတ်၍ စတင်လက်ခံပေးနေလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်) နှင့် အထက(ဆန်ဆိုင်း)တို့မှ Covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းနှင့်အညီ ကျောင်းအပ်လက်ခံနေသည်ကို တွေ့ရသည်။

လတ်တလောတွင် အခြေခံပညာ အထက်တန်းအဆင့်ဖြစ်သည့် နဝမတန်း နှင့် ဒဿမတန်း တို့ကို ဇူလိုင်လ (၁၇)ရက်နေ့အထိ  ကျောင်းအပ်လက်ခံနေခြင်းဖြစ်ပြီး  အလယ်တန်း အဆင့်များကို သြဂုတ်လ (၄) ရက်နေ့၌ ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပြီး မူလတန်းဆင့်များကို သြဂုတ်လ (၁၁)ရက်နေ့၌ စတင်ဖွင့်လှစ်ရန် ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~