တာခ်ီလိတ္ရွိ နယ္စပ္တံတားေပၚတြင္ ေတာင္းရမ္းသူမ်ား ႏွင့္ ခြင့္ျပဳခ်က္မရွိ ေစ်းေရာင္းခ်ေနသူမ်ားကိုပါ ဖယ္ရွားရွင္းလင္းမည္တာခ်ီလိတ္ရွိ နယ္စပ္တံတားေပၚတြင္ ေတာင္းရမ္းသူမ်ား ႏွင့္ ခြင့္ျပဳခ်က္မရွိ ေစ်းေရာင္းခ်ေနသူမ်ားကိုပါ ဖယ္ရွားရွင္းလင္းမည္

တာခ်ီလိတ္ရွိ နယ္စပ္တံတားေပၚတြင္ ေတာင္းရမ္းသူမ်ား ႏွင့္ ခြင့္ျပဳခ်က္မရွိ ေစ်းေရာင္းခ်ေနသူမ်ားကိုပါ ဖယ္ရွားရွင္းလင္းမည္တာခ်ီလိတ္ရွိ နယ္စပ္တံတားေပၚတြင္ ေတာင္းရမ္းသူမ်ား ႏွင့္ ခြင့္ျပဳခ်က္မရွိ ေစ်းေရာင္းခ်ေနသူမ်ားကိုပါ ဖယ္ရွားရွင္းလင္းမည္
သြဂုတ် 26, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမို႕ရိွ  ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး တံတားအမွတ္(၁) ေပၚတြင္ ေတာင္းရမ္းစားေသာက္ေနသူမ်ားႏွင့္  ေစ်းသည္မ်ား ဖယ္ရွားရွင္းလင္းေရးကို ထိေရာက္စြာေဆာင္ရြက္ရန္ႏွင့္ ကေလးသူငယ္မ်ားအား ေတာင္းရမ္းရန္  ေနာက္ကြယ္က ေစခိုင္းသူမ်ားကို ေဖၚထုတ္သြားရန္ ေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားေပၚတြင္ ေစ်းေရာင္းခ်သူႏွင့္ ေတာင္းရမ္းစားေသာက္သူမ်ားကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ေန႔စဥ္ ဖယ္ရွားရွင္းလင္းသည္ဟု ဆိုေသာ္လည္း ခ်စ္ၾကည္ေရး တံတားေပၚတြင္ ျမန္မာဘက္ျခမ္းအျပင္ ထိုင္းႏုိင္ငံဘက္ျခမ္းအထိ သြားေရာက္ ေတာင္းရမ္းစားေသာက္ေန သူမ်ားလည္း ရိွေနျခင္းျဖစ္သည္။

"တံတားေပၚမွာ ေရာင္းခ်ေနတဲ့ေစ်းသည္ေတြနဲ႔ ေတာင္းရမ္းစားေသာက္တဲ့သူေတြကို ဖယ္ရွားဖို႔ စည္ပင္ကို ညႊန္ၾကားထားပါတယ္။ စည္ပင္ကအဖြဲ႕ေတြက ေန႔စဥ္ရွင္းလင္းမႈေတြ လုပ္ေနတယ္"ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ ေျပာသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားေပၚရိွ ေတာင္းရမ္းစားေသာက္ေနသူမ်ားအား ရွင္းလင္းရာတြင္ ကေလးသူငယ္မ်ားအား ေတာင္းစားရန္ ေစခိုင္းသူကိုပါ ေဖၚထုတ္ၿပီး ယခုႏွစ္အတြင္း ျပဌာန္းလုိက္သည့္ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒအရ အေရးယူသြားမည္ဟု သိရသည္။

"ကေလးငယ္ေတြကို ေနာက္ကြယ္ကေန ေတာင္းခိုင္းေနတာေတြကို ေဖာ္ထုတ္ၿပီးေတာ့ အေရးယူသြားမွာပါ"ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကေလးသူငယ္အခြင့္အေရးကာကြယ္ေရးဥပေဒအရ ကေလးငယ္မ်ားအား ေတာင္းရမ္းရန္ ေစခုိင္းသူ၊ တားျမစ္ရန္ ပ်က္ကြက္သူမ်ားအား အနည္းဆံုး ေထာင္ဒဏ္ (၆)လမွ (၃)ႏွစ္အထိလည္းေကာင္း၊ ေငြဒဏ္ က်ပ္ (၆)သိန္းမွ (၁၂)သိန္းအထိလည္းေကာင္း၊ ဒဏ္ႏွစ္ရပ္လံုးကိုလည္းေကာင္း ခ်မွတ္ႏုိင္မည္ျဖစ္သည္။

"ေတာင္းရမ္းစားေသာက္တဲ့ ကေလးေတြရဲ႕ မိဘအုပ္ထိန္းသူေတြကို အသိပညာေပးမယ္။ ကေလးေတြ ရိုးရိုးသားသားနဲ႔ ပညာသင္ၾကားတဲ့အရြယ္မွာ ပညာသင္ၾကားႏိုင္ဖို႔ မိဘအုပ္ထိန္းသူေတြနဲ႔ ရပ္ရြာကို အသိပညာေပးပါမယ္။ တကယ္လို႔ မိဘအုပ္ထိန္းသူမရိွတဲ့ သူမ်ိဳးေတြဆိုရင္ ကၽြန္မတို႔ လူမႈဝန္ထမ္းက ျပဳစုေစာင့္ေရွာက္ေပးသြားမွာ ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ အေရွ႕ပိုင္း လူမႈဝန္ထမ္းရံုး(က်ိဳင္းတံု)မွ ဒုတိယ ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးတံတားတြင္ ျမန္မာႏိုင္ငံဘက္မွ ေတာင္းရမ္းစားေသာက္သူမ်ားက ထိုင္းႏိုင္ငံဘက္ျခမ္း ဝင္ေပါက္အထိ သြားေရာက္ေတာင္းရမ္းေလ့ရိွၿပီး ရင္ခြင္ပုိက္ကေလးအရြယ္မွ အဖိုးအဖြားအရြယ္အထိ အရြယ္အမ်ိဳးမ်ိဳးကို ေတြ႔ရေလ့ရိွျခင္းျဖစ္သည္။

ခ်စ္ၾကည္ေရးတံတားမွ ေတာင္းရမ္းစားေသာက္သူမ်ားအား ရွင္းလင္းျခင္းအျပင္ ယာဥ္ေၾကာက်ပ္တည္းမႈ ျဖစ္ေစသျဖင့္ ေစ်းသည္မ်ားကိုလည္း ရွင္းလင္းမည္ဟု သိရသည္။

Tachileik News Agency
သတင္း -  ဟန္စိုးထုိက္
ဓါတ္ပံု - ဦးထြန္း(မယ္ဆိုင္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁) ပေါ်တွင် တောင်းရမ်းစားသောက်နေသူများနှင့် ဈေးသည်များ ဖယ်ရှားရှင်းလင်းရေးကို ထိရောက်စွာဆောင်ရွက်ရန်နှင့် ကလေးသူငယ်များအား တောင်းရမ်းရန် နောက်ကွယ်က စေခိုင်းသူများကို ဖော်ထုတ်သွားရန် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် ဈေးရောင်းချသူနှင့် တောင်းရမ်းစားသောက်သူများကို မြို့နယ်စည်ပင်သာယာရေးဌာနက နေ့စဉ် ဖယ်ရှားရှင်းလင်းသည်ဟု ဆိုသော်လည်း ချစ်ကြည်ရေး တံတားပေါ်တွင် မြန်မာဘက်ခြမ်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းအထိ သွားရောက် တောင်းရမ်းစားသောက်နေ သူများလည်း ရှိနခြေင်းဖြစ်သည်။

"တံတားပေါ်မှာ ရောင်းချနေတဲ့ဈေးသည်တွေနဲ့ တောင်းရမ်းစားသောက်တဲ့သူတွေကို ဖယ်ရှားဖို့ စည်ပင်ကို ညွှန်ကြားထားပါတယ်။ စည်ပင်ကအဖွဲ့တွေက နေ့စဉ်ရှင်းလင်းမှုတွေ လုပ်နေတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားပေါ်ရှိ တောင်းရမ်းစားသောက်နေသူများအား ရှင်းလင်းရာတွင် ကလေးသူငယ်များအား တောင်းစားရန် စေခိုင်းသူကိုပါ ဖော်ထုတ်ပြီး ယခုနှစ်အတွင်း ပြဌာန်းလိုက်သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။

"ကလေးငယ်တွေကို နောက်ကွယ်ကနေ တောင်းခိုင်းနေတာတွေကို ဖော်ထုတ်ပြီးတော့ အရေးယူသွားမှာပါ"ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေအရ ကလေးငယ်များအား တောင်းရမ်းရန် စေခိုင်းသူ၊ တားမြစ်ရန် ပျက်ကွက်သူများအား အနည်းဆုံး ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိလည်းကောင်း၊ ငွေဒဏ် ကျပ် (၆)သိန်းမှ (၁၂)သိန်းအထိလည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်မည်ဖြစ်သည်။

"တောင်းရမ်းစားသောက်တဲ့ ကလေးတွေရဲ့ မိဘအုပ်ထိန်းသူတွေကို အသိပညာပေးမယ်။ ကလေးတွေ ရိုးရိုးသားသားနဲ့ ပညာသင်ကြားတဲ့အရွယ်မှာ ပညာသင်ကြားနိုင်ဖို့ မိဘအုပ်ထိန်းသူတွေနဲ့ ရပ်ရွာကို အသိပညာပေးပါမယ်။ တကယ်လို့ မိဘအုပ်ထိန်းသူမရှိတဲ့ သူမျိုးတွေဆိုရင် ကျွန်မတို့ လူမှုဝန်ထမ်းက ပြုစုစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း လူမှုဝန်ထမ်းရုံး(ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံဘက်မှ တောင်းရမ်းစားသောက်သူများက ထိုင်းနိုင်ငံဘက်ခြမ်း ဝင်ပေါက်အထိ သွားရောက်တောင်းရမ်းလေ့ရှိပြီး ရင်ခွင်ပိုက်ကလေးအရွယ်မှ အဖိုးအဖွားအရွယ်အထိ အရွယ်အမျိုးမျိုးကို တွေ့ရလေ့ရှိခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတားမှ တောင်းရမ်းစားသောက်သူများအား ရှင်းလင်းခြင်းအပြင် ယာဉ်ကြောကျပ်တည်းမှု ဖြစ်စေသဖြင့် ဈေးသည်များကိုလည်း ရှင်းလင်းမည်ဟု သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net