မိုင်းယောင်းမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး တွေ့ရှိ

မိုင်းယောင်းမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး တွေ့ရှိ
သြဂုတ် 9, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် ယနေ့ ဩဂုတ်လ(၉)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

မိုင်းယောင်းအမြို့အဝင် စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးအား Covid-19 စစ်ဆေးရာမှ ပိုးတွေ့ရှိရ၍ ၎င်းနှင့်  ထိတွေ့မိသူ (၃၀)ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာမှ  အမျိုးသမီး(၄)ဦး နှင့် အမျိုးသား(၈)ဦးတို့တွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့ ညနေပိုင်းအထိ မိုင်းယောင်းမြို့မှ (၂၉)ဦး နှင့် မိုင်းယုမြို့မှ (၃၃)ဦး စုစုပေါင်း (၆၂)ဦးအထိရှိ ကြောင်းသိရသည်။

လက်ရှိတွင် မိုင်းယောင်းမြို့မှ (၁၃)ဦး နှင့် မိုင်းယုမြို့မှ (၂၂)ဦးတို့သည် ဆေးရုံမှ ဆင်းသွားနိုင်ပြီဖြစ်၍ မိုင်းယောင်းတွင် (၁၈)ဦး နှင့် မိုင်းယုတွင် (၉)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။