တာချီလိတ်တွင် ရန်ကုန်မှ ပြန်လာပြီး Covid-19 ပိုးပြန်တွေ့သည့် အတည်ပြုလူနာဟောင်း ရဲဝန်ထမ်းကို ဝမ်ပုံရှိ သီးခြားဆောင်၌ ပြောင်းရွှေ့ထားရှိ

တာချီလိတ်တွင် ရန်ကုန်မှ ပြန်လာပြီး Covid-19 ပိုးပြန်တွေ့သည့် အတည်ပြုလူနာဟောင်း ရဲဝန်ထမ်းကို ဝမ်ပုံရှိ သီးခြားဆောင်၌ ပြောင်းရွှေ့ထားရှိ
နိုဝင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ်တွင်  ရန်ကုန်မှ ပြန်လာပြီး Covid-19 ပိုးပြန်တွေ့သည့်  အတည်ပြုလူနာဟောင်း ရဲဝန်ထမ်းကို ဝမ်ပုံရှိ သီးခြားဆောင်၌ ပြောင်းရွှေ့ထားရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာဟောင်း ရဲဝန်ထမ်းအမျိုးသားကို ဝမ်ပုံ၌ သီးခြားစောင့်ကြည့်မှုအောက် ထားရှိကြောင်း သိရသည်။
“သူက စကတည်းက ရန်ကုန် ရိုးမစင်တာက ကုသမှုခံယူခဲ့တယ်။ နောက် quarantine ကလည်း လိုတာထက်တောင် ပိုပြီးနေခဲ့ပြီးပြီ။ တပ်ဖွဲ့က စိုးရိမ်တော့ ဒီမှာလည်း quarantine ထပ်ထားတယ်။ quarantine မှာဆိုတော့ ဓာတ်ခွဲထပ်ယူစစ်တယ်။ ပုံမှန်အားဖြင့်တော့ ဆေးရုံဆင်းလူနာကို ထပ်မစစ်ဘူး။ ဒီမှာ quarantine ထားတာဆိုတော့ ထပ်စစ်တော့ positive ပြန်တွေ့တယ်။ ဆေးရုံမှာလည်း သူ့ကို စောင့်ကြည့်မှုအောက်မှာပဲ ထားရတယ်။ တခြားကုသမှုမရှိဘူးဆိုတော့ ဝမ်ပုံက တပ်ဖွဲ့ဆီမှာပဲ သူ့ကိုသီးခြားစောင့်ကြည့်မှုအောက်မှာ ထားတာပေါ့နော်။ သူက နောက်တစ်ကြိမ်စစ်ဆေးမှုမှာ positive ဖြစ်တယ်ဆိုပေမဲ့ လူနာစာရင်းမှာ ထည့်မထားဘူး”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ရဲဝန်ထမ်းမှာ ရန်ကုန်၌ သင်တန်းတက်နေစဉ် positive ဖြစ်သဖြင့် ရိုးမကိုဗစ်ကုသရေးစင်တာတွင် ကုသမှုခံယူပြီး ဆေးရုံဆင်းခွင့်ရလာပြီးနောက် တပ်ဖွဲ့က ထပ်မံ၍ အသွားအလာကန့်သတ်မှုအတွင်း နေထိုင်ကာ တာချီလိတ်ပြန်ရောက်စဉ် အသွားအလာထပ်မံကန့်သတ်ခံခဲ့ရခြင်းဖြစ်သည်။
အသွားအလာကန့်သတ်ထားပြီး ပြန်လည်စစ်ဆေးမှုအတွင်း Positive အဖြေထွက်သဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့က တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ထားရှိသော်လည်း မည်သည့်ရောဂါလက္ခဏာမှ ဖြစ်ပွားခြင်းမရှိ၍ နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍ ဝမ်ပုံရှိ တပ်ဖွဲ့မှစီစဉ်ထားသည့် သီးသန့်ဆောင်၌ သီးခြားပြောင်းရွှေ့ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တာချီလိတ်ဆေးရုံ၌ နိုဝင်ဘာလ (၂၂)ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာ (၁)ဦးနှင့် နိုဝင်ဘာလ (၂၅)ရက်နေ့တွင်  ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၁)ဦး စုစုပေါင်း(၂)ဦး တို့ကို ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~