မိုင္းျဖတ္တြင္ လမ္းေဘးကြန္ကရစ္မီးတုိင္ကို ဆိုင္ကယ္ျဖင့္ဝင္တုိက္မိ၍ လူငယ္တစ္ဦးေသဆံုး

မိုင္းျဖတ္တြင္ လမ္းေဘးကြန္ကရစ္မီးတုိင္ကို ဆိုင္ကယ္ျဖင့္ဝင္တုိက္မိ၍ လူငယ္တစ္ဦးေသဆံုး
ဇွန် 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္  လူငယ္တစ္ဦး ဆုိင္ကယ္ျဖင့္ လမ္းေဘး ကြန္ကရစ္မီးတုိင္အား ဝင္တုိက္မိၿပီး ေသဆံုးသြားေၾကာင္းသိရသည္။

တာခ်ီလိတ္ဘက္မွ မုိင္းျဖတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၂၀)အရြယ္ ၿဖိဳးကိုကိုဦးသည္ မိုင္းျဖတ္ၿမိဳ႕၊ ဝမ္မုိင္ရပ္ကြက္ရိွ လမ္းအေကြ႕တြင္ လမ္းေဘးရိွ ကြန္ကရစ္မီးတုိင္အား ဝင္တုိက္မိထားၿပီး ေသဆံုးေနသည္ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၂)ရက္ေန႔ နံနက္ (၆)နာရီခြဲတြင္ ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

 အဆိုပါယာဥ္မေတာ္တဆမႈအား မုိင္းျဖတ္ၿမိဳ႕မရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါဝင္သည့္အဖြဲ႕က သြားေရာက္စစ္ေဆးၿပီးေနာက္ ယာဥ္မေတာ္တဆမႈျဖင့္ ေသဆံုးသြားသည့္ ၿဖိဳးကိုကိုဦးအား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄ - ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဖြတ်တွင် လမ်းဘေးကွန်ကရစ်မီးတိုင်ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ လူငယ်တစ်ဦးသေဆုံး
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင်  လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် လမ်းဘေး ကွန်ကရစ်မီးတိုင်အား ဝင်တိုက်မိပြီး သေဆုံးသွားကြောင်းသိရသည်။

တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၂၀)အရွယ် ဖြိုးကိုကိုဦးသည် မိုင်းဖြတ်မြို့၊ ဝမ်မိုင်ရပ်ကွက်ရှိ လမ်းအကွေ့တွင် လမ်းဘေးရှိ ကွန်ကရစ်မီးတိုင်အား ဝင်တိုက်မိထားပြီး သေဆုံးနေသည်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ နံနက် (၆)နာရီခွဲတွင် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါယာဉ်မတော်တဆမှုအား မိုင်းဖြတ်မြို့မရဲတပ်ဖွဲ့နှင့်သက်သေများပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးပြီးနောက် ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားသည့် ဖြိုးကိုကိုဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ - ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net