တာချီလိတ် - မယ်ဆိုင်ကြား ကန့်သတ်မှုများနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ပြေလည်အောင်ဖြေရှင်းမည်ဟု မယ်ဆိုင်မြို့ပိုင်က ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား

တာချီလိတ် - မယ်ဆိုင်ကြား ကန့်သတ်မှုများနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ပြေလည်အောင်ဖြေရှင်းမည်ဟု မယ်ဆိုင်မြို့ပိုင်က ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား
စက်တင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်ကြား ကန့်သတ်မှုများနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ပြေလည်အောင်ဖြေရှင်းမည်ဟု မယ်ဆိုင်မြို့ပိုင်က ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား
တာချီလိတ် - မယ်ဆိုင်ကြား နေ့စဉ်ကုန်တင်ယာဉ်စီးရေ ကန့်သတ်လိုက်သည့် ရက်ပိုင်းအတွင်း မယ်ဆိုင်ဘက်မှ ကုန်တိုက်များတွင် အရောင်းပမာဏ ထက်ဝက်ခန့် ကျဆင်းသွားပြီး ပို့ကုန်တင်ပို့မှု ပမာဏကျသွားသဖြင့် နှစ်နိုင်ငံကြား အကန့်အသတ်များနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ပြေလည်အောင် ဖြေရှင်းမည်ဟု မယ်ဆိုင်မြို့ပိုင်က ကုန်သည်များ၊ လုပ်ငန်းရှင်များကို ပြောကြားထားကြောင်း သိရသည်။
နှစ်နိုင်ငံ နေ့စဉ်ပြေးဆွဲနေသည့် ကုန်တင်ယာဉ်စီးရေကို တစ်ဖက်လျှင် (၆)စီးစီသာ ပြေးဆွဲရန် အပြန်အလှန် ကန့်သတ်လိုက်ပြီး (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့က မယ်ဆိုင်မြို့ရှိ ကုန်တိုက်လုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် မယ်ဆိုင်မြို့ပိုင်တို့ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်ဘက်မှ ယာဉ်စီးရေ ကန့်သတ်လိုက်သည့် ကာလအတွင်း မယ်ဆိုင်ဘက်ရှိ ကုန်တိုက်ကြီး (၂)ခု၏ အရောင်းပမာဏမှာ ထက်ဝက်ကျော်ကျဆင်းသွားခဲ့ရသည်ဟု မယ်ဆိုင်မြို့ပိုင်အား တင်ပြဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာဘက်တွင် COVID 19 အတည်ပြုလူနာ တိုးလာနေသဖြင့် ထိုင်း ကျန်းမာရေးဌာန၏ အကြံပြုချက်အရ တာချီလိတ်ဘက်မှ လူနှင့်မော်တော်ယာဉ်များ မယ်ဆိုင်ဘက်အဝင်ဂိတ်အထိသာ ဝင်ခွင့်ပြုရန် ကန့်သတ်လိုက်ခြင်းဖြစ်ပြီး နေ့စဉ် ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်အစီးရေ (၁၆၈)စီးနှင့် မြန်မာဘက်မှ ယာဉ်စီးရေ (၆)စီးသာ ခွင့်ပြုရခြင်းမှာ မြန်မာလိုင်စင်ဖြင့်စာရင်းရှိသည့် မော်တော်ယာဉ်မှာ (၆)စီးသာရှိခြင်းဖြစ်ကြောင်း မယ်ဆိုင်မြို့ပိုင်က ကုန်သည်လုပ်ငန်းရှင်များအား ရှင်းလင်းကြောင်း သိရသည်။
သို့သော် မြန်မာဘက်က အလားတူ ကန့်သတ်မှုကြောင့် ထိုင်းကုန်စည်တင်ပို့မှုနှင့် မယ်ဆိုင်မှ ကုန်ပစ္စည်းများ ရောင်းအားကျခြင်းတို့ကြောင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးနိုင်ရန် ဆက်သွယ်နေပြီး တာချီလိတ် - မယ်ဆိုင် နယ်စပ်ကိစ္စကို ဝန်ကြီးချုပ်ထံလည်း အသိပေးထားပြီးဖြစ်သည်ဟု ရှင်းလင်းပြောကြားကြောင်း သိရသည်။
တာချီလိတ်ဘက်က မယ်ဆိုင်မှသာ အဓိကတင်သွင်းနေသည့် စက်သုံးဆီကို မန္တလေးနှင့် တောင်ကြီးမှ မှာယူနေပြီး မယ်ဆိုင်ဘက်မှ ဆီဘောက်ဆာ (၂)စီးသာ တင်ပို့ထားနိုင်သေးကြောင်းကိုလည်း ကုန်သည်များက မယ်ဆိုင်မြို့ပိုင်ထံ တင်ပြထားကြောင်း သိရသည်။
Tachileik News Agency
Soruce: 77kaoded
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~