တာချီလိတ်နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် (၁၁)ဦးကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်သို့ ဓါတ်ခွဲနမူနာ ပို့စစ်ထား

တာချီလိတ်နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် (၁၁)ဦးကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်သို့ ဓါတ်ခွဲနမူနာ ပို့စစ်ထား
မေ 1, 2020
By Tachileik News Agency
တာချီလိတ်နှင့် မိုင်းဖြတ်တို့မှ  အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့်  (၁၁)ဦးကို ဒုတိယအကြိမ်အဖြစ်  ရန်ကုန်သို့ ဓါတ်ခွဲနမူနာ ပို့စစ်ထား 

တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြု လူနာဖြစ်သည့် case 96 နှင့်အတူ လေယာဉ်စီးလာသည့် တာချီလိတ်နှင့် တာလေအပါအဝင် (၁၀)ဦး နှင့် မိုင်းဖြတ်မြို့၏ အတည်ပြု လူနာနှင့် လေယာဉ်အတူစီးလာသူ တာလေမှ တစ်ဦး အပါအဝင် စုစုပေါင်း (၁၁)ဦး၏ ဒုတိယအကြိမ် စစ်ဆေးမည့် ဓါတ်ခွဲနမူများကို ရန်ကုန်သို့ ယနေ့ မေလ(၁)ရက်နေ့တွင် ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

သူတို့ရဲ့ ဓါတ်ခွဲနမူနာတွေကို မနေ့ညက တာချီလိတ်ကနေ ကျိုင်းတုံကို လာပို့တယ်၊ ဒီနေ့ လေယာဉ်နဲ့ ပါသွားပြီ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ (၁၁)ဦးသည်  တာလေမှ (၂)ဦး နှင့် တာချီလိတ်မြို့မှ (၉)ဦးဖြစ်ပြီး ၎င်းတို့အား ပထမအကြိမ်အဖြစ် ၂၀၂၀ခုနှစ် ဧပြီလ(၂၄)ရက်နေ့က ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ covid-19 ပိုးမတွေ့ရကြောင်း သိရပြီး ယခုအခါမှာ ဒုတိယအကြိမ်မြောက် စစ်ဆေးရန်အတွက် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းဖြတ်မှ အတည်ပြုလူနာ ( Case 64)၊ တာချီလိတ်မှ အတည်ပြုလူနာ (Case 96) နှင့် အတည်ပြုလူနာ (Case 112) တို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးနေလျက်ရှိသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~