ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး လူထုဟောပြောပွဲ ပြုလုပ်

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး လူထုဟောပြောပွဲ ပြုလုပ်
ဇူလိုငျ 20, 2019
By Tachileik News Agency



အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒေပြင်ဆင်ရေးပုဒ်မများနှင့်အညီ ပြင်ဆင်ရေး၊ မိမိနိုင်ငံအား တိုင်းတစ်ပါးလွှမ်းမိုးမည့် အကြံအား လက်​မခံနိုင်​​ကြောင်း၊  တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်းရင်းသားများမှ စိတ်ကြိုက်ရွေးချယ်တင်မြှောက်ခွင့် ရရှိရေး ၊  နိုင်ငံချစ် တိုင်းပြည်ချစ်စိတ်နှင့် ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်လိုသည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းရေး၊  လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံလက်​မခံနိုင်​​ကြောင်း နှင့်​ ၅၉(စ)ပြင်မည့် အကြံအားလက်​မခံနိုင်​​ကြောင်း စသည့်ကြွေး ​ကြော်သံများဖြင့်​ ကြွေး​ကြော်​ကာ ဇာတိမာန်​ သီချင်းသီဆို၍ အခမ်းအနား ပိတ်​သိမ်းခဲ့ကြောင်း သိရသည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး လူထုဟောပြောပွဲအား ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဦးဆောင်၍ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်​းသိရသည်​။

၂၀၀၈ ဖွဲ့စည်​းပုံအ​ခြေခံဥပ​ဒေပါ ပုဒ်​မ၅၉(စ)အား ကာကွယ်​​စောင်​့​ရှောက်​​ရေး ​ဟော​ပြောပွဲတွင်​ ရဲရဲတောက်ဂျာနယ် အယ်ဒီတာ ဒေါ်သီရိ​နေလင်​း၊ ရဲတောက်ဂျာနယ်အယ်ဒီတာချုပ် အမတ်​ဒိန်​ နှင်​့ ဦးအောင်ကျော်ဆန်း(စာပေဆုများရှင်) တို့မှ ဦး​ဆောင်​ဟောပြောခဲ့ကြ​ကြောင်​းသိရသည်။

အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒပြေင်ဆင်ရေးပုဒ်မများနှင့်အညီ ပြင်ဆင်ရေး၊ မိမိနိုင်ငံအား တိုင်းတစ်ပါးလွှမ်းမိုးမည့် အကြံအား လက်​မခံနိုင်​​ကြောင်​း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်းရင်းသားများမှ စိတ်ကြိုက်ရွေးချယ်တင်မြှောက်ခွင့် ရရှိရေး၊ နိုင်ငံချစ် တိုင်းပြည်ချစ်စိတ်နှင့် ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်လိုသည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းရေး၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံလက်​မခံနိုင်​​ကြောင်​း နှင်​့ ၅၉(စ)ပြင်မည့် အကြံအားလက်​မခံနိုင်​​ကြောင်​း စသည့်ကြွေး ​ကြော်သံများဖြင်​့ ကြွေး​ကြော်​ကာ ဇာတိမာန်​ သီချင်​းသီဆို၍ အခမ်​းအနား ပိတ်​သိမ်​းခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net