လွိုင်ကော်တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့သူ (၂) ဦးတွင် ပိုးတွေ့ရှိ၍ တစ်နေ့အတွင်း လူနာ (၄)ဦးထပ်တိုး

လွိုင်ကော်တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့သူ (၂) ဦးတွင် ပိုးတွေ့ရှိ၍ တစ်နေ့အတွင်း လူနာ (၄)ဦးထပ်တိုး
နိုဝင်ဘာ 17, 2020
By Tachileik News Agency

လွိုင်ကော်တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့သူ (၂) ဦးတွင် ပိုးတွေ့ရှိ၍ တစ်နေ့အတွင်း လူနာ (၄)ဦးထပ်တိုး
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အတည်ပြုလူနာယာဉ်မောင်းတစ်ဦးနှင့် ထိတွေ့ခဲ့၍ အသွားအလာ ကန့်သတ်ခြင်းခံထားရသူ (၄)ဦးအနက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့က စစ်ဆေးမှုတွင် တွေ့ရသည်။
လွိုင်ကော်မြို့ရှိ ဝါရီကောခူ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် နိုဝင်ဘာလ (၁၄) ရက်နေ့က စစ်ဆေးမှုအတွင်း  Covid-19 ပိုးတွေ့ရှိခဲ့သည့် ယာဉ်မောင်းနှင့် ထိတွေ့ခဲ့သည့် အမျိုးသား (၄)ဦးကို လွိုင်ကော်မြို့ နတလကျောင်း Quarantine Center တွင် အသွားအလာကန့်သတ်ခံထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသား (၄) ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာလ (၁၇) ရက်နေ့တွင်  အမျိုးသားနှစ်ဦး၌ ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။
ထပ်တိုးအတည်ပြုလူနာနှစ်ဦးမှာ ရန်ကုန်မှပြန်လာသူများဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိကာ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင်  Facility Quarantine ပြုလုပ်ထားသူ  (၁၁၈)ဦး၏ ဓာတ်ခွဲ နမူနာများကို နိုဝင်ဘာလ (၁၆) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဓာတ်ခွဲအဖြေများ ရလာခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၁၇) ရက်နေ့ တစ်ရက်တည်းတွင် Covid-19 ရောဂါပိုးအတည်ပြုလူနာ (၄)ဦးစစ်ဆေးတွေ့ရှိခဲ့ပြီးအားလုံးမှာ ရန်ကုန်မှ ဝင်ရောက်လာသူများဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၆) ဦးရှိလာပြီဖြစ်ပြီး (၉)ဦးမှာ ပိုးကင်းစင်၍ ဆေးရုံဆင်းသွားပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်ကြက်ခြေနီလှုပ်ရှားမှုများ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~