လူသွားလမ်းပေါ်တွင် အာဏာသိမ်းစစ်တပ်မှ နင်းမိုင်းထောင်ထားခဲ့၍ KNDF က ဖယ်ရှား ရှင်းလင်း

Photo: KNDF B-09
Photo: KNDF B-09
လူသွားလမ်းပေါ်တွင် အာဏာသိမ်းစစ်တပ်မှ နင်းမိုင်းထောင်ထားခဲ့၍ KNDF က ဖယ်ရှား ရှင်းလင်း
အောက်တိုဘာ 31, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ပွဲနယ်မြေအတွင်း အာဏာသိမ်းစစ်တပ်မှ လူသွားလမ်းပေါ်တွင် ထောင်ထားသည့် နင်းမိုင်းတစ်လုံးကို KNDF ၏ အမှတ်(၉)တပ်ရင်း က အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် အမှတ်(၉)တပ်ရင်းက အသိပေး ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း - ကယားနယ်စပ်တို့တွင် သာလွန်သည့် လက်နက် နှင့် လူအင်အားများဖြင့် ကျေးရွားများထိ လိုက်လံ အကြမ်းဖက်မှုများ ပြုလုပ်နေသလို ယခုလို လူသွားလမ်းပေါ်တွင် နင်းမိုင်းထောင်သည့် ဖြစ်စဉ်များ မကြာခဏ တွေ့ရှိရသည်ဟု သိရသည်။