တာချီလိတ်တွင် နေအိမ်အတွင်း သေနတ်ဖြင့်ဝင်ပစ်၍ အမျိုးသားတစ်ဦးသေဆုံး

တာချီလိတ်တွင် နေအိမ်အတွင်း သေနတ်ဖြင့်ဝင်ပစ်၍ အမျိုးသားတစ်ဦးသေဆုံး
သြဂုတ် 31, 2020
By Tachileik News Agency
တာချီလိတ်တွင် နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ပစ်၍ အမျိုးသားတစ်ဦးသေဆုံး
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ပုံလို့သွားရာ လမ်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းက နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ကနဦး သိရသည်။
“ကျွန်တော် အခုပဲသွားနေတုန်း သေချာတော့ မသိသေးဘူး။ ဖြစ်တာက ပုံလို့လမ်းဘက် အဝင်နားက လမ်းဆုံနားက အိမ်ပဲ”ဟု ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသားအား ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~