တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ ထပ်တိုး နှင့် ဆေးရုံဆင်း အခြေအနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီဇင်ဘာလ(၁၁)ရက်နေ့မှာတော့ Covid-19 အတည်ပြုလူနာ (၃)ဦးထပ်တိုးပြီး ဆေးရုံဆင်းသူ ဒေသတွင်းက (၁၆)ဦး နဲ့ ထိုင်းနိုင်ငံကို ပြန်လွှဲပေးလိုက်တဲ့ အတည်ပြုလူနာ (၅)ဦး အပါဆိုရင်တော့ ကုသဆောင်ကနေ ဆင်းသွားသူတွေ (၅၅)ဦးအထိရှိသွားပြီး ဒီနေ့အချိန်အထိ  ကုသဆောင်မှာ အတည်ပြုလူနာ (၄၁)ဦးပဲ ကျန်ပါတော့တယ်။ 
ဒီနေ့ အသစ်ထပ်တိုးတဲ့ အသစ်တည်ပြုလူနာ (၃)ဦးဟာ ဖန်မင်ကျေးရွာအုပ်စုနဲ့ ဆန်ဆိုင်း(က)ရပ်ကွက်တို့က ဖြစ်ပြီး အဲ့ဒီသုံးဦး ထဲမှာ အသက်အငယ်ဆုံးအဖြစ် (၇)နှစ်ရွယ် တစ်ဦးပါဝင်သလို အသက်အကြီးဆုံးအနေနဲ့ အသက်(၆၇)နှစ်အရွယ်တစ်ဦးလည်း ပါဝင်ပါတယ်။
ဒီနေ့မှာတော့ တာချီလိတ်မြို့တွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို တရားရုံးစွဲတင်ကာ ဒဏ်ငွေ ကျပ်(၃)သိန်းစီသတ်မှတ်ပြီး မယ်ဆိုင်ဘက်ကို တခါတည်း လွှဲပြောင်းပေးလိုက်တဲ့အထဲမှာ တာချီလိတ်မြို့မှာ စစ်ဆေးတွေ့ရှိရတဲ့ ထိုင်းနိုင်ငံသူ အတည်ပြုလူနာ (၅)ဦးလည်းပါဝင်ပါတယ်။
တာချီလိတ်မြို့မှာ ကိုဗစ် ဒုတိယလှိုင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ကနေ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိကို Covid-19 အတည်ပြုလူနာ (၉၆)ဦးအထိ ရှိခဲ့ပြီး  အတည်ပြုလူနာတွေကို ကုသဆောင်မှာ (၁၁)ရက်ထားပြီးတော့ ရက်ပြည့်သွားတာနဲ့ နေအိမ်ကို ပြန်ခွင့်ပေးလိုက်တဲ့အတွက် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိတော့ ကုသဆောင်မှာ (၄၁)ဦးပဲ ကျန်ပါတော့တယ်။

အတည်ပြုလူနာတွေ နေအိမ်ပြန်ခွင့်ရသွားကြတဲ့အခါမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ မိမိတို့ရဲ့ နေအိမ်မှာပဲ ဆက်လက်ပြီးတော့ (၇)ရက် အသွားအလာကန့်သတ်နေထိုင်ရဦးမှာ ဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ Covid-19 ရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် သံသယရှိတယ်။ ရောဂါလက္ခာတစ်စုံတစ်ရာပြနေတယ်လို့ ခံစားရရင်တော့ တာချီလိတ်ဆေးရုံဟောင်းတွင်းထဲက  fever Clicle မှာ နံနက်(၇)နာရီကနေ နံနက်(၁၀)နာရီအတွင်း လာရောက်စစ်ဆေးမှု ခံယူနိုင်ပြီး ထိတွေ့သူများနဲ့ Q ထားသူတွေကလွဲရင် ကိုယ့်အသိစိတ်ကိုယ် လာရောက်စစ်ဆေးသူများအနေနဲ့ကတော့ ကျပ်ငွေ (၁၀၀၀၀)ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ တာချီလိတ်မှာ စစ်ဆေးတွေ့ရှိထားတဲ့ အတည်ပြုလူနာ အားလုံးဟာ စိုးရိမ်စရာမရှိဘဲ ကျန်းမာရေးကောင်းမွန်နေကြတယ်လို့ သိရပါတယ်။
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~