မိုင္းေယာင္းၿမိဳ႕တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ အရုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း ႏွင့္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳအခမ္းအနား က်င္းပ

မိုင္းေယာင္းၿမိဳ႕တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ အရုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း ႏွင့္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳအခမ္းအနား က်င္းပ
ဇူလိုင် 19, 2019
By Tachileik News Agency

(၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ အရုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း ႏွင့္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳအခမ္းအနားအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္ရွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ သံဃာေတာ္ (၅)ပါးအား ပင့္ဖိတ္ကာ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအိုက္ခမ္းလႈိင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးညီညီ၀င္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ႏိုင္၀င္းႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားက အရုဏ္ဆြမ္းႏွင့္လွူဖြယ္ပစၥည္းမ်ား စုေပါင္း ဆက္ကပ္လွဴဒါန္းျခင္းအျဖစ္ နံနက္အေစာပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

ဆက္လက္၍ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳအခမ္းအနားအား ၿမိဳ႕နယ္မိုးလံုေလလံုအားကစားခန္းမတြင္ က်င္းပျပဳလုပ္ရာ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တပ္ရင္းတပ္ဖြဲ႔မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္လာခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း နှင့် လွမ်းသူ့ပန်းခွေချ ဂါရဝပြုအခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သံဃာတော် (၅)ပါးအား ပင့်ဖိတ်ကာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အရုဏ်ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ စုပေါင်း ဆက်ကပ်လှူဒါန်းခြင်းအဖြစ် နံနက်အစောပိုင်းက ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုအခမ်းအနားအား မြို့နယ်မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net