တာချီလိတ်မြို့တွင် Lockdown သတ်မှတ်ထားသည့်နေအိမ်မှ အသက်ရှုကြပ်နေသည့် အမျိုးသမီးတစ်ဦးအား စစ်ဆေးရာ Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် Lockdown သတ်မှတ်ထားသည့်နေအိမ်မှ အသက်ရှုကြပ်နေသည့် အမျိုးသမီးတစ်ဦးအား စစ်ဆေးရာ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Lockdown သတ်မှတ်ထားသည့်နေအိမ်မှ အသက်ရှုကြပ်နေသည့် အမျိုးသမီးတစ်ဦးအား စစ်ဆေးရာ  Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေအိမ်၌အသွားအလာကန့်သတ်ထားသူ (၁)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လည်ပိုင်း၌ အသက်ရှုကြပ်သဖြင့် RDT ဖြင့် စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာမှာ ဆန်ဆိုင်း (က)ရပ်ကွက်နေ အတည်ပြုလူနာ၏ မိသားစုမှဖြစ်၍ နေအိမ်အား အသွားအလာ ကန့်သတ်ထားသူများမှဖြစ်ကြောင်းသိရပြီး ကုသဆောင်သို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၇) ရက်နေ့အထိ အတည်ပြုလူနာတွေ့ရှိမှု (၇၄) ဦးအထိ ရှိလာပြီဖြစ်ပြီး (၃)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီ ဖြစ်သည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~