က်ိဳင္းတံုၿမိဳ႕တြင္ စည္ပင္သာယာေရးေကာ္မတီက အေဆာက္အအံုႏွင့္ ေျမငွားရမ္းခ အခြန္တိုးျမႇင့္ စည္းၾကပ္မည္

က်ိဳင္းတံုၿမိဳ႕တြင္ စည္ပင္သာယာေရးေကာ္မတီက အေဆာက္အအံုႏွင့္ ေျမငွားရမ္းခ အခြန္တိုးျမႇင့္ စည္းၾကပ္မည္
ဇွန် 7, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ ေနာင္တံုမိုတယ္ႏွင့္ ယာဥ္ရပ္နားစခန္း၊ စားေသာက္ဆုိင္ခန္း၊ ဂိတ္ခန္းမ်ားအေပၚ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက စည္းၾကပ္ေနသည့္ အခြန္ႏႈန္းထားမ်ားကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ တိုးျမင့္ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ေနာင္တံုမိုတယ္အား ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ တစ္ႏွစ္အတြက္ က်ပ္ (၁,၂၀၀,၀၀၀) ေကာက္ခံေနရာမွ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ က်ပ္ (၂,၄၀၀,၀၀၀)ႏွင့္ ယာဥ္ရပ္နားစခန္း၊ စားေသာက္ဆုိင္ခန္း၊ ဂိတ္ခန္းမ်ားကို တစ္ခန္းလွ်င္ တစ္ႏွစ္ က်ပ္ (၅၀,၀၀၀)ေကာက္ခံေနရာမွ က်ပ္ (၈၄,၀၀၀) သို႔ တိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာငး္ သိရသည္။

အခြန္တိုးျမႇင့္ေကာက္ခံျခင္းႏွင့္ပတ္သက္၍ ကန္႔ကြက္လိုသူမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၅)ရက္ေန႔ ေနာက္ဆံုးထား၍ ကန္႔ကြက္ႏုိင္ၿပီး ကန္႔ကြက္သူမရိွပါက ႏႈန္းထားျပင္ဆင္ထားသည့္အတုိင္း ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

အမ်ားျပည္သူမ်ားအေနျဖင့္ အခြန္တိုးျမႇင့္ျခင္းႏွင့္ပတ္သက္၍ စံုစမ္းေမးျမန္းလိုပါက ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီသို႔ ရံုးခ်ိန္အတြင္း လာေရာက္ေမးျမန္းႏုိင္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
ဓါတ္ပံု - စည္ပင္သာယာေရးေကာ္မတီ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံနှင့် မြေငှားရမ်းခ အခွန်တိုးမြှင့် စည်းကြပ်မည်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ နောင်တုံမိုတယ်နှင့် ယာဉ်ရပ်နားစခန်း၊ စားသောက်ဆိုင်ခန်း၊ ဂိတ်ခန်းများအပေါ် မြို့နယ်စည်ပင်သာယာရေးကော်မတီက စည်းကြပ်နေသည့် အခွန်နှုန်းထားများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးဌာနက နောင်တုံမိုတယ်အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်နှစ်အတွက် ကျပ် (၁,၂၀၀,၀၀၀) ကောက်ခံနေရာမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် (၂,၄၀၀,၀၀၀)နှင့် ယာဉ်ရပ်နားစခန်း၊ စားသောက်ဆိုင်ခန်း၊ ဂိတ်ခန်းများကို တစ်ခန်းလျှင် တစ်နှစ် ကျပ် (၅၀,၀၀၀)ကောက်ခံနေရာမှ ကျပ် (၈၄,၀၀၀) သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောငး် သိရသည်။

အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နောက်ဆုံးထား၍ ကန့်ကွက်နိုင်ပြီး ကန့်ကွက်သူမရှိပါက နှုန်းထားပြင်ဆင်ထားသည့်အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် အခွန်တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ရုံးချိန်အတွင်း လာရောက်မေးမြန်းနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
ဓါတ်ပုံ - စည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net