မိုင်းလင်းဆရာတော် သာသနာပြုနေသည့် စွမ်ဟိန်းဂူသို့ သွားရာ အရှည်(၅)မိုင်ခွဲရှိ လမ်းအတွက် အလှူရှင်များ ပါဝင် လှူဒါန်းနိုင်

မိုင်းလင်းဆရာတော် သာသနာပြုနေသည့် စွမ်ဟိန်းဂူသို့ သွားရာ အရှည်(၅)မိုင်ခွဲရှိ လမ်းအတွက် အလှူရှင်များ ပါဝင် လှူဒါန်းနိုင်
နိုဝင်ဘာ 28, 2019
By Tachileik News Agency
မိုင်းလင်းဆရာတော် သာသနာပြုနေသည့် စွမ်ဟိန်းဂူသို့ သွားရာ အရှည်(၅)မိုင်ခွဲရှိ လမ်းအတွက် 
အလှူရှင်များ ပါဝင်လှူဒါန်းနိုင်
***********

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မိုင်းယောင်းမြို့နယ်အတွင်း မိုင်းဟိန်းကျေးရွာအုပ်စုတွင် မိုင်းလင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ သာသနာပြုနေသည့် ဓမ္မဂမ္ဘီရစွမ်ဟိန်းဂူသို့သွားရာ အရှည်(၅)မိုင်ကျော်ရှိသည့် လမ်းအား အများပြည်သူထည့်ဝင်ငွေဖြင့် ကွန်ကရစ်လမ်းခင်းမည်ဖြစ်၍ ထည့်ဝင်လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မှ မိုင်းယောင်း သွားသည့် ကားလမ်းမကြီး (၁၇)မိုင်လမ်းခွဲမှ စွမ်ဟိန်းဂူ/ကျောင်းတိုက်သို့(၅)မိုင်ခွဲ (၂၆၄၀၀ ပေ) အကွာအဝေးကို (၁၆)ပေအကျယ်၊ (၈)လက်မထုရှိသည့် ကွန်ကရစ်လမ်းခင်းမည်ဖြစ်ရာ လှူဒါန်းလိုသူများ အနေဖြင့် လမ်းအရှည် တစ်ပေလျှင် ငွေကျပ် (၅၀,၀၀၀)နှုန်းဖြင့် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းရန်အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ လှူဒါန်းငွေမှာ ဘတ်ငွေ စုစုပေါင်း (၂၅၀,၀၀၀) (ကျပ်သိန်း ၁၂၀ ကျော်) နှင့် ကျပ်ငွေ (၆၁၀,၀၀၀)ရှိနေပြီဖြစ်ပြီး လမ်းအရှည်ပေ (၂၆,၄၀၀)အတွက် စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း (၁၃,၂၀၀)လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လမ်းအတွက် လှူဒါန်းလိုသူများ အနေဖြင့်  မိုင်းဟိန်းကျေးရွာအုပ်စုရှိ စွမ်ဟိန်းဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်၏ ဂေါပကအဖွဲ့ဖြစ်သည့် ဦးစိုင်းရီတစ် - ၀၉၆၉၂၀၆၇၂၈၄၊ ဦးစိုင်းဇာအောင် - ၀၉၂၆၄၇၆၈၈၉၉၊ ဦးစိုင်းထွန်းတစ်- ၀၉၄၄၉၈၈၆၅၅၁ နှင့် ဦးစိုင်းဝန်းကျောက်-၀၉၄၂၆၉၄၁၉၁၃  တို့မှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net