မြန်မာနှင့် ကိုရီးယားပူးတွဲရိုက်ကူးထားသည့် တန်ဖိုးရုပ်ရှင် တာချီလိတ်တွင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့အခမဲ့ ပြသမည်

ဖေဖော်ဝါရီ 29, 2020
By 🌸

မြန်မာနှင့် ကိုရီးယားပူးတွဲရိုက်ကူးထားသည့် တန်ဖိုးရုပ်ရှင် တာချီလိတ်တွင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့အခမဲ့ ပြသမည်

မြန်မာ၊ ကိုရီးယားပူးတွဲ ရိုက်ကူးထားသည့် တန်ဖိုးရုပ်ရှင်ဇာတ်ကားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့ ညနေ (၆)နာရီခွဲ၌ အခမဲ့ပြသသွားမည်ဖြစ်ပါသည်။

ခါကာဘိုရာဇီရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဂျွန်လရော်နှင့် ကိုရီးယားရိုက်ကူးရေးအဖွဲ့တို့ဖြင့် အားဖြည့်ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ကို ရိုက်ကူးသည့် ဒါရိုက်တာကိုယ်တိုင် လာရောက်ပြသခြင်းဖြစ်ကြောင်း သိရသည်။

ရန်အောင် ၊ မို့မို့မြင့်အောင်၊ဇင်ဝိုင်း ၊ခင်ဇာခြည်ကျော်၊ ထွန်းထွန်း၊ အေးမြတ်သူ မော်နီကာပန် နှင့် သရုပ်ဆောင်များစွာပါဝင်ပြီး  မြန်မာနှင့် ကိုရီးယားပူးတွဲရိုက်ကူးထားသည့် အဆိုပါဇာတ်ကားမှာ ရုံတင်ပြသခြင်းမပြုမီကပင် လူစိတ်ဝင်စားမှုများခဲ့သည်ကို တွေ့ရသည်။
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~