တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္မွ လြယ္ေတာ္ခမ္းသို႔ သြားရာ မယ္ဆိုင္ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္သူမ်ားကို ခံဝန္လက္မွတ္ေရးထိုးခိုင္းထား

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္မွ လြယ္ေတာ္ခမ္းသို႔ သြားရာ မယ္ဆိုင္ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္သူမ်ားကို ခံဝန္လက္မွတ္ေရးထိုးခိုင္းထား
ဇူလိုင် 23, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊  တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္မွ လြယ္ေတာ္ခမ္းသို႔ သြားရာလမ္းတစ္ေလွ်ာက္ရွိ မယ္ဆိုင္ေခ်ာင္းေဘးတြင္   က်ဴးေက်ာ္ေနအိမ္ ေဆာက္လုပ္ထားသူမ်ားႏွင့္ သဲထုတ္လုပ္ငန္း လုပ္ကိုင္သူမ်ား အေနျဖင့္ ဆက္လက္တိုးခ်ဲ႕မႈမ်ား မျပဳလုပ္ရန္အတြက္  ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၃)ရက္ေန႔တြင္ သတိေပးထားၿပီး လက္မွတ္ေရးထိုးခိုင္း ထားေၾကာင္း သိရသည္။

“ကြၽန္ေတာ္အုပ္ခ်ဳပ္ေရးမႉး မလုပ္ခင္ကတည္းက ေျပာေတာ့ေျပာလာတာပဲ။ တားလည္း တားတယ္။ ဒါေပမဲ့ မလိုက္နာၾကဘူး။ ကြင္းဆင္းၿပီးေတာ့လည္း တားတာေတြရိွသလို စာထုတ္ၿပီးေတာ့လည္း တားတယ္။ ဒီကြင္းဆို(သဲထုတ္လုပ္ေရး) ေခ်ာင္းတစ္ဝက္ေလာက္ထိ ဖို႔ထားတယ္။ အရင္က က်ဴးတဲ့သူ ဒီေလာက္မမ်ားဘူး။ ခုမွမ်ားလာတာ”ဟု လြယ္ေတာ္ခမ္းေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးခ်စ္ေဂ်႕က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္သည့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဇူလုိင္လ (၂၃)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္း၏ ညႊန္ၾကားခ်က္အရ ကြင္းဆင္းစစ္ေဆးရာ ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္ေဆာက္လုပ္ထားသည့္ ေနအိမ္ (၄၀)ခန္႔ကို စစ္ေဆးေတြ႔ရိွရသျဖင့္ တားျမစ္ထားၿပီး မလုိက္နာပါက ဥပေဒအရအေရးယူႏုိင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္ဥပေဒအႀကံေပးရဲ႕ အႀကံကို ေတာင္းခံထားၿပီးျဖစ္ပါတယ္။ ေရအရင္းအျမစ္နဲ႔ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ဥပေဒအတိုင္း တရားစြဲရမွာေပါ့။ ဥပေဒအႀကံေပးကေတာ့ ဒီလိုအႀကံေပးလာတယ္။ ဆက္လက္ေဆာင္ရြက္ႏိုင္ဖို႔ဆိုၿပီး ခ႐ိုင္ကို ဆက္လက္တင္ျပပါမယ္။ မလိုက္နာတဲ့သူေတြကို တည္ဆဲဥပေဒနဲ႔အညီ အေရးယူဖို႔ စီစဥ္ေဆာင္ရြက္ထားပါတယ္”ဟု တာခ်ီလိတ္ ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ဒုၿမဳိ႕နယ္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴး ေအာင္ဆန္းဦးႏွင့္ သက္ဆုိင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက က်ဴးေက်ာ္ေနထုိင္သူမ်ားကို ရပ္ကြက္ရံုးသို႔ေခၚယူလက္မွတ္ေရးထိုးေစခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု -  ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းသို့ သွားရာလမ်းတစ်လျှောက်ရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေအိမ် ဆောက်လုပ်ထားသူများနှင့် သဲထုတ်လုပ်ငန်း လုပ်ကိုင်သူများ အနဖြေင့် ဆက်လက်တိုးချဲ့မှုများ မပြုလုပ်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် သတိပေးထားပြီး လက်မှတ်ရေးထိုးခိုင်း ထားကြောင်း သိရသည်။

“ကျွန်တော်အုပ်ချုပ်ရေးမှူး မလုပ်ခင်ကတည်းက ပြောတော့ပြောလာတာပဲ။ တားလည်း တားတယ်။ ဒါပေမဲ့ မလိုက်နာကြဘူး။ ကွင်းဆင်းပြီးတော့လည်း တားတာတွေရှိသလို စာထုတ်ပြီးတော့လည်း တားတယ်။ ဒီကွင်းဆို(သဲထုတ်လုပ်ရေး) ချောင်းတစ်ဝက်လောက်ထိ ဖို့ထားတယ်။ အရင်က ကျူးတဲ့သူ ဒီလောက်မများဘူး။ ခုမှများလာတာ”ဟု လွယ်တော်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဂျေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဇူလိုင်လ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ ညွှန်ကြားချက်အရ ကွင်းဆင်းစစ်ဆေးရာ ချောင်းဘေးတွင် ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ် (၄၀)ခန့်ကို စစ်ဆေးတွေ့ရှိရသဖြင့် တားမြစ်ထားပြီး မလိုက်နာပါက ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့နယ်ဥပဒေအကြံပေးရဲ့ အကြံကို တောင်းခံထားပြီးဖြစ်ပါတယ်။ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥပဒေအတိုင်း တရားစွဲရမှာပေါ့။ ဥပဒေအကြံပေးကတော့ ဒီလိုအကြံပေးလာတယ်။ ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုပြီး ခရိုင်ကို ဆက်လက်တင်ပြပါမယ်။ မလိုက်နာတဲ့သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကျူးကျော်နေထိုင်သူများကို ရပ်ကွက်ရုံးသို့ခေါ်ယူလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net