တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်အား ပူဇော်သည့်အနေဖြင့် အသည်းရောင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို အောက်တိုဘာ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အခမဲ့ဆောင်ရွက်ပေးမည်

တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်အား ပူဇော်သည့်အနေဖြင့် အသည်းရောင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို အောက်တိုဘာ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အခမဲ့ဆောင်ရွက်ပေးမည်
အောက်တိုဘာ 20, 2019
By 🌸
တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်အား ပူဇော်သည့်အနေဖြင့် အသည်းရောင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို အောက်တိုဘာ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အခမဲ့ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝင်းတွင် အသည်းရောင်ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် နေ့စဉ် နံနက် (၈)နာရီခွဲမှစ၍ ဆောင်ရွက်ပေးမည်ဖြစ်သည်။

အသည်းရောင်ဘီပိုး၊ စီပိုးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှုများကို နံနက် (၈) နာရီခွဲမှစတင်ပြီး တစ်ရက်လျှင် လူ (၂၅၀) ဦးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြမည် ဖြစ်သော်လည်း စစ်ဆေးမှုခံယူရာတွင် စနစ်တကျဖြစ်စေရန်  နေ့စဉ် နံနက် (၈)နာရီမှစ၍ တိုကင်နံပါတ်များ ပေးခြင်းကို လာရောက်ယူဆောင်ထားရန် လိုအပ်မည်ဖြစ်သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် အခမဲ့လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အတူ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးနှင့်ပတ်သက်သည့် ဟောပြောပွဲကိုလည်း အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ် (၁)နာရီတွင် အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်၍ မည်သူမဆိုတက်ရောက်နိုင်မည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ မဟာျမတ္မုနိေက်ာင္းတုိက္ဆရာေတာ္အား ပူေဇာ္သည့္အေနျဖင့္ အသည္းေရာင္ ဘီပိုး၊ စီပိုး စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထုိးျခင္းကို ေအာက္တိုဘာ (၂၁)ႏွင့္ (၂၂)ရက္ေန႔မ်ား၌ အခမဲ့ေဆာင္ရြက္ေပးမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ဝင္းတြင္ အသည္းေရာင္ဘီပိုး၊ စီပိုး စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထိုးႏွံေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္နွင့္ (၂၂)ရက္ေန႔မ်ားတြင္ ေန႔စဥ္ နံနက္ (၈)နာရီခြဲမွစ၍ ေဆာင္ရြက္ေပးမည္ျဖစ္သည္။

အသည္းေရာင္ဘီပိုး၊ စီပိုးစစ္ေဆးမႈႏွင့္ ကာကြယ္ေဆးထိုးနွံေပးမႈမ်ားကို နံနက္ (၈) နာရီခြဲမွစတင္ၿပီး တစ္ရက္လွ်င္ လူ (၂၅၀) ဦးႏႈန္းျဖင့္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ရာ မည္သူမဆို လာေရာက္စစ္ေဆးႏုိင္ၾကမည္ ျဖစ္ေသာ္လည္း စစ္ေဆးမႈခံယူရာတြင္ စနစ္တက်ျဖစ္ေစရန္  ေန႔စဥ္ နံနက္ (၈)နာရီမွစ၍ တိုကင္နံပါတ္မ်ား ေပးျခင္းကို လာေရာက္ယူေဆာင္ထားရန္ လိုအပ္မည္ျဖစ္သည္။

တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ အခမဲ့လာေရာက္ေဆာင္ရြက္ေပးျခင္းျဖစ္သည္။

ကာကြယ္ေဆးထိုးႏွံေပးျခင္းႏွင့္အတူ အသည္းေရာင္ အသား၀ါ B ပိုး၊ C ပိုးႏွင့္ပတ္သက္သည့္ ေဟာေျပာပြဲကိုလည္း ေအာက္တိုဘာလ (၂၁) ရက္ေန႔ ေန႔လယ္ (၁)နာရီတြင္ ေအာင္ျမတ္ခန္းမ၌ က်င္းပသြားမည္ျဖစ္၍ မည္သူမဆိုတက္ေရာက္ႏုိင္မည္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net