တာချီလိတ်မြို့တွင် ဆိုင်ကယ်တက္ကစီသမားအား ဓါးဖြင့်ခြိမ်းခြောက်ကာ လုယက်သူ လူငယ်(၂)ဦးကို ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ဆိုင်ကယ်တက္ကစီသမားအား ဓါးဖြင့်ခြိမ်းခြောက်ကာ လုယက်သူ လူငယ်(၂)ဦးကို ဖမ်းဆီးရမိ
သြဂုတ် 29, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဆိုင်ကယ်တက္ကစီသမားအား ဓါးဖြင့်ခြိမ်းခြောက်ကာ လုယက်သူ လူငယ်(၂)ဦးကို ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင်၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်တက္ကစီသမားကို ဓါးဖြင့်ခြိမ်းခြောက်၍ ဖုန်းလုယူသွားသည့် လူငယ် (၂)ဦးကို ယင်းနေ့မှာပင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
“ဆိုင်ကယ်ငှားစီးသွားပြီး လမ်းမှာ ဆိုင်ကယ်သမားဆီက ဖုန်းငှားတယ်လို့ ပြောတယ်။ ပထမတစ်ကြိမ် ဖုန်းငှားတော့ ဖုန်းမှာ ဘေလ်မရှိဘူးဆိုပြီး မငှားဘူးတဲ့။ ဒါနဲ့ နောက်တစ်ခါ ထပ်ငှားတော့လည်း ဖုန်းဘေလ်မရှိဘူးဆိုရင် သူ့ဆင်းကဒ်ထဲမှာ ရှိတယ်လို့ ပြောတယ်ပေါ့။ ဆိုင်ကယ်သမားက မငှားတော့ အဲဒီမှာ ဓါးထောက်ပြီး တောင်းတယ်။ ဆိုင်ကယ်သမားက ဓါးကိုလုလိုက်တော့ ထွက်ပြေးကြတယ်။ နှစ်ယောက်လုံးကို ဖမ်းမိတယ်။ ဖုန်းလည်း ပြန်ရတယ်။ အမှုဖွင့်ထားပါပြီ”ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆိုင်ကယ်ငှားရမ်းသူ(၂)ဦးက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ ဝမ်ကောင်းဈေးတက္ကစီဂိတ်မှနေ၍ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိကျေးရွာသို့ ဆိုင်ကယ်ငှားရမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကလည်း ဆိုင်ကယ်ငှားသွားပြီး လူကိုသတ်၊ ဆိုင်ကယ်ယူသွားတာ ဖြစ်ခဲ့ကတည်းက ဆိုင်ကယ်ဂိတ်ကို သတိပေးထားတယ်။ အဝေးကိုငှားတယ်ဆို ခရီးသည်ဓာတ်ပုံကို အချင်းချင်းကြားမှာ ဖြန့်ထားကြပြီး အသိပေးထားကြဖို့ သတိပေးထားတယ်။ အခုဖြစ်တော့ ချက်ချင်းပဲ အသင်းကိုရော၊ ရဲတပ်ဖွဲ့တွေရော အကုန်ဖုန်းဆက် အကူအညီတောင်းလိုက်တော့ လွယ်စတုံပြည်သူ့စစ်အဖွဲ့ကလည်း သတင်းရထားတုန်း လမ်းလျှောက်လာတဲ့ လူငယ်နှစ်ဦးကို မသင်္ကာလို့ ခေါ်ထားလိုက်တာ။ ဒီကနေရောက်သွားတော့ သူတို့နှစ်ယောက် ဟုတ်တယ်ဆိုတာ ဆိုင်ကယ်သမားက အတည်ပြုပေးတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းသွားပြီး အမှုဖွင့်ပေးထားပါတယ်”ဟု ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံက ပြောသည်။
ဆိုင်ကယ်သမားကို ဓါးဖြင့်ခြိမ်းခြောက်ခဲ့သူနှစ်ဦးဖြစ်သည့် အသက် (၂၂)နှစ်အရွယ် အားချာနှင့် အသက် (၁၇) နှစ်အရွယ် လော်ဖီးတို့အား  တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၁၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်အ ၃၈၂ /၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရွှေတာချီလူမှုကူညီရေးအသင်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~