တာချီလိတ်တွင် နေထိုင်သည့် ထိုင်နိုင်ငံသားများထဲက (၇)ဦး တံတား(၂)ကတဆင့် မယ်ဆိုင်ပြန်

တာချီလိတ်တွင် နေထိုင်သည့် ထိုင်နိုင်ငံသားများထဲက (၇)ဦး တံတား(၂)ကတဆင့် မယ်ဆိုင်ပြန်
ဧပြီ 24, 2020
By Tachileik News Agency
တာချီလိတ်တွင် နေထိုင်သည့် ထိုင်နိုင်ငံသားများထဲက (၇)ဦး တံတား(၂)ကတဆင့် မယ်ဆိုင်ပြန်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၇)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်ခွင့်ပေးထားသည်။

မြန်မာ - ထိုင်းနယ်စပ်မြို့များတွင် နယ်စပ်ဂိတ်များပိတ်လိုက်၍ ကျန်နေခဲ့သည့် ထိုင်းနိုင်ငံသားများကို  နေရပ်ပြန်ခွင့်ပေးရန် ထိုင်းအစိုးရ၏ မေတ္တာရပ်ခံချက်အရ ထိုင်းနိုင်ငံသားများကို  ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးသို့ ဆက်သွယ်ကာ  နိုင်ငံသားစိစစ်လက်ခံမှုရရှိရန်လိုအပ်သည့်အတွက်  တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ဆက်သွယ်ရန်လိုအပ်ကြောင်း သိရသည်။

နယ်စပ်မြို့များတွင် ရောက်နေသည့် ထိုင်းနိုင်ငံသားများကို တာချီလိတ်၊ မြဝတီနှင့် ထီးခီးနယ်စပ်ဂိတ်များမှတစ်ဆင့်  ထိုင်းနိုင်ငံသို့ ပြန်ဝင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်တွင် (၁၄)ရက် သီးခြားစောင့်ကြည့်ပြီးမှ နေအိမ်ပြန်ခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - KNL


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~